Myanmar Idol Season2 ပြိုင်ပွဲဝင်ကိုယ်တိုင်ကပြောခဲ့တဲ့ ရဲနောင်အကြောင်း။

Myanmar Idol Season 2 မှာ ပါဝင်ယှဉ်ပြိုင်နေဆဲ ပြိုင်ပွဲ၀င်မိုင်မိုင်းဆိုင်းကနေ ပြိုင်ပွဲကို အပြုံးနဲ့နှုတ်ဆက်ထွက်ခွာခဲ့ရသူ၊ ပြိုင်ပွဲကာလတောက်လျှောက် အဝေဖန်ခံရဆုံးဖြစ်တဲ့ ရဲနောင်အကြောင်းကို သူမရဲ့ကိုယ်ပိုင်ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားပြီးတင်ခဲ့ပါတယ်။

" ရဲနူလေး ရယ်နောင်းလေး ဘယ်လိုစစ စိတ်မဆိုးတတ်သူ အနွံတာခံသူကိုယ့်ကိုကိုယ် အမြဲအားငယ်နေတတ်သူ ကျန်တဲ့ပြိုင်ပွဲဝင်တွေကို အမြဲအားနာနေတတ်သူ တစ်ဖွဲ့လုံးမှာစိတ်ထားအဖြူဆုံးလေး facebookကဝိုင်းဆဲကြတာတွေကြည့်ပြီး အမြဲမျက်ရည်ကျနေသူ။ သူဆိုရတဲ့သိချင်းမူရင်းအဆိုတော်တွေကို အားနာလို့တဲ့တာဝန်မကျေသလို ဖြစ်လို့ငိုနေတာ စိတ်မကောင်းဖြစ်နေတာ သူတို့အတွက်ဘုရားမှာဆုတွေတောင်းပေးနေတာ သူ့ကိုဘယ်လောက်ဆဲဆဲပရိတ်သတ်တွေကို ဘုရားရှိခိုးတိုင်းမေတ္တာပို့ပေးနေသူလေး အရမ်းခင် အရမ်းချစ်ရပါတယ်။ "

" ပြိုင်ပွဲဝင်သူငယ်ချင်းတွေကို အပတ်တိုင်းအားနာလာလို့တဲ့ သူ့့ခမျာ နေရာဒေသအသီးသီးက သူ့fans တွေကို ph တဂွမ်ဂွမ်ဆက်ပြီး ဒီတစ်ခါvote မပေးကြဖို့ အနူးအညွတ်တောင်းဆိုနေရှာတယ်။ မင်းကငါ့အတွက်လှေကားထစ်လုပ်ပေးလိုက်တာပါ ရဲနောင်လေးရာ ရိုးရိုးလေးစဉ်းစားတောင် voting အများဆုံးနဲ့အနည်းဆုံးလေ ဘယ်သူထွက်ရမယ်အသိသာကြီးပါဟာ။

သူများကို ဝက်မ ကုလားမ သရဲမ ခေါ်တတ်သူ

မိုင်းဆိုင်းစိတ်ဓါတ်ကိုချစ်တယ် မိုင်းဆိုင်းကိုအရမ်းခင်တယ်တဖွဖွပြောတတ်သူ။

#မိုင်းဆိုင်းရေလာမြောင်းပေးလုပ်ရင်ကျင်းပါတူးပြီးစောင့်နေမယ်တဲ့ကိုယ်လည်းပြောလိုက်တယ် poe mi #ကမင်းလုပ်လို့ရည်းစားမရတော့ဘူးပိုးမီကိုသာတာဝန်ယူလိုက်ပါလို့ ဟိးဟိး :p #ကိုယ်မင်းကိုခွက်သွားပါပြီကွာကျင်းတူးဖို့ပေါက်ပြားအဆင်သင့်ရှာထားတော့သဲလေး။ " 

င်မိုင်းဆိုင်းကိုယ်တိုင်က ဒီလိုရေးသားခဲ့တာကြောင့် ရဲနောင်အပေါ် သနားကရုဏာသက်မိတဲ့ ပရိသတ်တွေရှိလာသလို အချို့ပရိသတ်တွေကလဲ ရဲနောင်အကြောင်း ထပ်မံဖြည့်စွက်ပြောကြားခဲ့ကြပါတယ်။ 

Source : Mai Mai Seng Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။