ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုအတွက် ထပ်မံသေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်၊ သားဖြစ်သူတွေကို ဆုံးရှုံးရတော့မယ်ဆိုတာ သိခဲ့ရတဲ့မိခင်နှစ်ဦး။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အယူခံတရားရုံးကလည်း သေဒဏ်ရယ်လို့ မတ်လ၁ရက်နေ့က ထပ်မံချမှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသားတွေဘက်ကနေ ဝေဖန်ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန်ရှိခဲ့ပါတယ်။

“အယူခံတရားရုံးဟာ စာရွက်စာတမ်းတွေ အကုန်မဖတ်ဘဲ အချိန်တိုအတွင်းမှာ စီရင်ချက် မြန်မြန် ချလိုက်တယ်။ ပြီးတော့ စီရင်ချက်ချတဲ့အခါမှာလည်း တရားခံရဲ့ရှေ့နေတွေကို လုံးဝ အသိမပေးပဲလုပ်သွားတယ်။ ထိုင်းသတင်းမှာပါလာမှ ရှေ့နေတွေကသိရတာပါ” လို့ အဆိုပါအမှုတွင် မြန်မာနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်နေပေးနေသော ဦးစိန်ဌေးက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သေဒဏ်ထပ်မံချမှတ်ခံရပြီး ဝင်းနဲ့ဇော်ရဲ့ မိခင်နှစ်ဦးရဲ့ ရင်ကွဲပြီး ငိုယိုနေတဲ့ပုံတွေဟာ အင်တာနက်မှာ ပြန့်လာပြီးနောက် အင်တာနက်အသုံးပြုတွေမှ ထပ်တူဝမ်းနည်းကြေကွဲဒေါသထွက်ခဲ့ကြပြီး မြန်မာနှစ်ဦးတရားမျှတစွာ စီရင်ချက်ချခံရဖို့အတွက် အပြင်းအထန်တောင်းဆိုခဲ့ကြပါတယ်။

Photo Source : Mahar

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။