လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။   

ဒေဝကတော့ လာမည့်ဒီဇင်ဘာလ ၉ရက်နေ့မှာ မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းနဲ့ ပြန်လည်ထိုးသတ်ရမှာဖြစ်ပြီး ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်မလားဆိုတာကတော့ ဆိုးရိမ်စရာဖြစ်လာပါပြီ။ ဒေဝကတော့ လက်ရှိလေ့ကျင့်မှုတွေကို ပိုမိုမြှင့်တင်နေပြီး ပြိုင်ဘက်ကစားသမားကိုအကောင်းဆုံးထိုးသတ်နည်းတွေအသုံးပြုသွားမှားဖြစ်ကြောင်း သိရပါတယ်။ 

လက်ရှိမြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကတော့ ပြည်တွင်း မြန်မာ့လက်ဝှေ့ပညာရှင်များစွာနှင့်အတူ နိုင်ငံအသီးသီးမှာလက်ဝှေ့ပညာရှင်များနှင့်အတူ ပူးတွဲလေ့ကျင့်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ လေ့ကျင့်မှုဗီဒီယိုဖိုင်တွေထဲက နောက်ဆုံးကစားခဲ့တဲ့ ဒေဝရဲ့ လက်သီးစွမ်းအားလေ့ကျင့်မှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VEDIO - DAVE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။