ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ကျန်းမာရေးအခြေအနေကြောင့်အနားယူထားပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းကို ခေတ္တတာဝန်လွှဲအပ်ထားပြီးနောက် မတ်လ ၄ရက်နေ့ ညနေပိုင်းတွင် ရန်ကင်းကလေးဆေးရုံ နှလုံးကုသဌာနတွင် ခွဲစိတ်ကုသမှုခံယူနေပါတယ်။

“ခွဲစိတ်ခန််းမှာ ၃ရက်လောက်ကြာမှာဖြစ်ပြီး ဘယ်အဆောင်မှာနေရမလဲတော့သေချာမသိသေးဘူး” လို့ ဦးဖြိုးမင်းသိန်းနှင့်ရင်းနှီးသူတစ်ဦးကပြောကြားခဲ့သည်။

ရန်ကင်းကလေးဆေးရုံကြီးတွင် လူကြီး နှင့် ကလေးရောဂါဝေဒနာရှင်တွေကို နှလုံးခွဲစိတ်ကုသပေးတဲ့နေရာမှာ အောင်မြင်မှုရလဒ်ကောင်းတွေရနေတဲ့ဆေးရုံကြီးဖြစ်ပါတယ်။ အဆိုပါဆေးရုံကြီးတွင် မြန်မာနိုင်ငံမှကျွမ်းကျင်နှလုံးခွဲစိတ်ဆရာဝန်ကြီးများသာမက နိုင်ငံတကာမှပညာရှင်များလည်း နှလုံးခွဲစိတ်ကုသမှုတွေပြုလုပ်ပေးနေကြောင်းသိရှိရပါတယ်။

သတင်းအရင်းမြစ် Local Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။