လက်ရှိ ကမ္ဘာ့လက်ဝှေ့လောကမှာ ထင်ရှားကျော်ကြားတဲ့ လက်ဝှေ့ပညာရှင်ကြီးများစွာထဲမှာ မေဝယ်သာနှင့် ခါဘစ်တို့ရဲ့ ထင်ရှားကျော်ကြားမှုကိုတော့ ပရိသတ်ကြားသိကြမယ်ထင်ပါတယ်။ မတူညီတဲ့ လက်ဝှေ့လောကမှာ ချန်ပီယံဂုဏ်တွေနဲ့အတူ နာမည်ကြီးကျော်ကြားနေပြီး ကမ္ဘာ့လက်ဝှေ့လောကရဲ့ ခြင်္သေ့တွေဆိုလည်း မှားမယ်မထင်ပါတယ်။  

အမေရိကန်နိုင်ငံသား မေဝယ်သာကတော့ မကြာသေးမီကလက်ဝှေ့လောကမှအနားယူခဲ့ပြီး ရှုံးပွဲမရှိစံချိန်ဖြင့်ရပ်တည်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ MMA ချန်ပီယံ ခါဘစ်ကတော့ မကြာသေးမီက ချန်ပီယံဟောင်း မက်ဂရီဂေါ်ကို အလဲထိုးအနိုင်ယူခဲ့ပြီး MMAလက်ဝှေ့လောကရဲ့ ပြိုင်စံရှားချန်ပီယံတစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။  

လက်ရှိ MMA ချန်ပီယံ ခါဘစ်နှင့် အမေရိကန်လက်ဝှေ့ချန်ပီယံ မေဝယ်သာတို့ရဲ့ စိန်ခေါ်ပွဲကြီးကတော့ မကြာမီမှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ခုဖြစ်လာမည် အဆိုပါ ပွဲကြီးလာတော့ လာမည့် ၂၀၁၉ ခုနှစ် မေလ ၃ရက်နေ့မှာ ထိုးသတ်သွားမှာဖြစ်ပြီး လက်ရှိလောကတစ်ခုလုံးအတွက် မှတ်တမ်းသစ်တစ်ခုထိုးနိုင်မယ့် ပွဲတစ်ပွဲလည်းဖြစ်တာတွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးရေ...ကမ္ဘာ့လက်ဝှေ့ချန်ပီယံကြီးတွေရဲ့ စိတ်ဝင်စားစရာစိန်ခေါ်ပွဲကြီးက ပြည်တွင်းပြည်ပ လက်ဝှေ့ချစ်ပရိသတ်တွေအတွက် အကောင်းဆုံးရသတစ်ခုကိုပေးစွမ်းနိုင်မယ်ဆိုတာတော့ အမှန်ပဲဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံတစ်ဦးကိုဖော်ထုတ်ပေးမယ့်အဆိုပါ ပြိုင်ပွဲကြီးမှာ ဘယ်သူကအနိုင်ယူသွားမယ်ဆိုတာတော့ ပရိသတ်တွေနဲ့အတူ စောင့်မျှော်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

Photos - မြန်မာ့ရိုးရာလက်ဝှေ့ဝါသနာရှင်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။