ကလေးငယ်တွေဟာ ဖွံ့ဖြိုးကြီးထွားမှု မြန်ပြီး ထွာကြိုင်သန်မာရပါမယ်။ကလေးတွေကို သီးနှံတွေအနေနဲ့ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ သီးနှံတွေကိုစားပေးရင်ပိုသင့်တော်စေပါတယ်။ ကလေးတွေအတွက် နောက်ထပ် စားပေးရမဲ့ အသီးတစ်မျိုးကတော့ ထောပတ်သီးဖြစ်ပါတယ်။ထောပတ်သီးကို ကလေးတွေကိုကျွေးပေးရင် ကယ်လိုရီများပါဝင်တဲ့အတွက် ဦးနှောက်ကိုဖွံံ့ဖြိုးစေတယ် ဉာဏ်ရည်ထက်စေတယ်။အဆီအနှစ်တွေ ပါဝင်လို့ အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

ဘယ်အရွယ်ကစပြီး စားသုံးသလဲဆိုရင် အသက်နှစ်နှစ်မှ သုံးနှစ်အရွယ်ရောက်တဲ့အခါစစားသုံးနိုင်ပါပြီ။ ထောပတ်သီး ဟာနှလုံးကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ်။ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ဗီတာမင်ဒီ၊ ဗီတာမင် အီးတို့ပါဝင်ခြင်းကြောင့်လည်း ကလေးအတွက်အထူးစိတ်ချရတာပေါ့နော်။ပြီးတော့ ထော ပတ်သီးမှာ ဖော်လိတ်ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများ စားသုံးနိုင်ပါတယ။ မိခင်စားပေး တဲ့အတွက် မွေးလာတဲ့ ကလေးလေးအတွက်ပါ ဓာတ်တွေပိုထိရောက်စေပါတယ်။ 

ထောပတ်သီးဟာ ကိုယ်အတွင်းမှာရှိတဲ့ မကောင်းတဲ့ အဆိပ်တောက်တွေကိုလည်း ရှင်းထုတ်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့အတွက်လည်း ဝမ်းချုပ်မှာ မစိုးရိမ်းရတော့ပါဘူး။ဒါကြောင့် ကလေးငယ်တွေကို မနက်စာ ထဲမှာ ထည့်ပြီးကျွေးသင့်ပါတယ်။ ဒါဆိုရင်တော့ ကလေးအတွက်တစ်ရက်တာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ရရှိစေမဲ့အပြင် လန်းဆန်းတက်ကြွနေတဲ့ သင့်ကလေးငယ်ကို မြင်တွေ့ရမှာပေါနော်။ 

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။