မနေ့ကအောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ် မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုကတော့ မြို့တော်ကဘူးလ်က ရွေးကောက်ပွဲကော်မရှင် ဌာနချုပ်နားကို ဦတည်ဖောက်ခွဲခဲ့တာဖြစ်ပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ 

အာဖ၈န်နိုင်ငံအတွင်းက ပြည်နယ် ၃၄ ခုထဲက ပြည်နယ်၃၃ ခုရဲ့လွှတ်တော်ရွေးကောက်ပွဲတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲက ပြီးစီးသွားခဲ့ပြီပဲဖြစ်ပါတယ်။

သို့ပေမယ့် မဲရေတွက်နေတဲ့ဒီလိုအချိန်မျိုးမှာတော့ အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ 

၎င်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၆ ဦးကလည်း ရွေးကောက်ပွဲအကော်မရှင်က အရာရှိတွေပဲဖြစ်သလို ဘယ်သူတွေကအခုလို ဗုံးခွဲတိုက်ခိုက်ဖို့ စေခိုင်းသလဲဆိုတာကတော့ လုံးဝမသိရှိရသေးဘူးလို့သိရပါတယ်။ 

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။