ကမ္ဘာ့နိုင်ငံအသီးသီးကြားမှာ မြန်မာ့အလံလွှင့်တင်နိုင်ဖို့ဆိုတာ ပြည်တွင်းအားကစားသမားများရဲ့ စွမ်းဆောင်မှုကပိုမိုအရေးပါလျှက်ရှိတာအားလုံးလည်း သိမယ်ထင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အားကစားနည်းများစွာထဲမှာ ရွှေတံဆိပ်နှင့်အတူ ကမ္ဘာ့နိုင်ငံများအကြားမြန်မာ့အလံလွှင့်တင်နိုင်ခဲ့သူတွေကအလွန်နည်းပါးလွန်းတာကိုအားလုံးလည်း သိမြင်ခဲ့ရမယ်ထင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ကမ္ဘာ့အားကစားနည်းတွေထဲမှာ ကြက်တောင်ကစားနည်းကလည်းတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။  

ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစားရှိတဲ့ အားကစားနည်းတစ်ခုဖြစ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာအားကစားနည်းတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။ အဆိုပါ ကြက်တောင်ရိုက်အားကစားနည်းပြိုင်ပွဲမှာ ပထမဆုနှင့်အတူ မြန်မာ့အလံကိုလွှင့်တင်နိုင်ငံတဲ့ ပြည်တွင်း အားကစားမယ်တစ်ဦးကတော့ မကြာသေးမီကထွက်ပေါ်ခဲ့ပါတယ်။  

အဆိုပါ အမျိုးသမီးကတော့ မသက်ထားသူဇာအမည်ရှိသူတစ်ယောက်ဖြစ်ပြီး အောက်တိုဘာ ၂၈ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပပြီးခဲ့တဲ့ 2018 BWF International Series ပြိုင်ပွဲမှာ ဂျော်ဒန် ၊ ချက် က ကစားသမားတွေကို လက်ရည်အသာ၊အမှတ်အသာနဲ့ အနိုင်ယူခဲ့ကာ ကွာတားအဆင့်မှာ ဟန်ဂေရီကစားသမားကို နှစ်ပွဲပြတ်ဆော့ပြီး အနိုင်ယူခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ထိုနောက် ကြက်တောင်လောကမှာ နေရာတစ်နေရာအခိုင်အမာရထားတဲ့ အာဆီယံဒေသတွင်းပြိုင်ဘက် မလေးရှားကစားသမားကို ဆီးမီးမှာ နှစ်ပွဲပြတ်နောက်ကောက်ချခဲ့ပြီး ဖိုင်နယ်တက်ခဲ့ပြီး ဖိုင်နယ်ရောက်တော့လဲ ဘီလာရုစ် ကစားသမားကို အနိုင်ယူပြီး နိုင်ငံအတွက်ရွှေတံဆိပ်ဆုကို အရယူပေးခဲ့တဲ့သူပဲဖြစ်ပါတယ်။ ငယ်ရွယ်နုနယ်သေးတဲ့အချိန်မှာ နိုင်ငံကိုယ်စားပြု ကြိုးစားနေတဲ့ မသက်ထားသူဇာကိုဂုဏ်ယူအားပေးရင်း ပြိုင်ပွဲပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - Up To Date Myanmar Sports News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။