ပြည်တွင်းမကြာခဏဆိုသလိုဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပွဲသတင်းတွေကိုတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေဖြစ်သလို ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူတန်းစားပေါင်းစုံရဲ့ မုန်းတီးမှုတစ်ခုလည်းဖြစ်တာတွေ့ရပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားမှုဟာ ဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်သလို ဒေသခံပြည်သူတွေရဲ့ လူနေမှုဘဝတွေကို များစွာပျက်ဆီးဆုံးရှုံးစေတဲ့အရာတစ်ခုလည်းဖြစ်တာတွေ့ရပါတယ်။  

လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်အတွင်း စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့နေပါပြီ။ အဆိုပါပြည်တွင်းစစ်ကတော့ ရှမ်းပြည်နယ် လားရှိုးနဲ့ ၁၃ မိုင်ကျော်လောက်ဝေးတဲ့ အီနိုင်းကျေးရွာအုပ်စု ပန်ဟုန်း၊ ကုလား၊ မနပြိန်းနဲ့ နန်းဟာရွာတွေ နားမှာ RSCC ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့အကြား ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကြောင့်ဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါစစ်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ အီနိုင်းရွာဘက်က ဘုန်းကြီးကျောင်းတွေဆီ ထွက်ပြေးပြီး ခိုလှုံနေကြရကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ စစ်ပွားတွေကြောင့် ကြားနေဒေသခံတွေရဲ့ အနာဂတ်ဘဝတွေ၊ သူတို့ရဲ့မိသားစုတွေပြိုလဲပျက်ဆီးမှုများဖြစ်ပေါ်လျှက်ရှိ ဆိုးရွားတဲ့ ရလဒ်တွေသာအမြဲထင်ကျန်လျှက်ရှိတာတွေ့ရပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ လက်ရှိစစ်ဘေးရှောင်ပြည်သူတွေရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။