ကမ္ဘာပေါ်မှာတော့ တကယ့်ကို ထူးခြားလှတဲ့ Incredibel Human တွေဟာ နိုင်ငံအသီးသီးမှာ များစွာပေါ်ထွန်းခဲ့ကြပါတယ်။

အဲ့ဒီလိုလူသားတွေထဲမှာတော့ တရုတ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Hu Qiong ကလည်းတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။

သူ့ကတော့ ရှောင်လင်ဘုန်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ပိုင်ဆိုင်ထားတဲ့စွမ်းအားတွေကတော့ တကယ့်ကိုမယုံကြည်နိုင်လောက်အောင်ကို ထူးခြားလှပါတယ်။ 

သူကတော့ကျင့်စဉ်တွေကအရမ်းထူးခြားလှသလို ခန္ဓာကိုယ်ကို အုတ်ဖောက်စက်နဲ့ဖောက်ပြတာတွေက မယုံကြည်နိုင်လောက်အောင် ပြောင်မြောက်လှတဲ့ သူရဲ့ပညာတွေပဲဖြစ်ပါတယ်။

Super Human လို့တင်စားခံခဲ့ရတဲ့ Hu Qiong ဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ဓားတွေနဲ့ခုတ်ပြတဲ့အခါမျိုးတွေမှာလည်း

သူ့ရဲ့ခန္ဓာကိုယ်ကဘာမှမဖြစ်ဘဲ ခုတ်တဲ့ဓားတွေ အကုန်ကွေးသွားတာမျိုးတွေက သာမန်လူသားတွေအတွက်တော့ အရမ်းထူးခြားလှပါတယ်။ 

သူတတ်ကျွမ်းထားတဲ့ ကွန်ဖူးပညာဟာ အင်မတန်လှထူးခြားလှသလို အုတ်ဖောက်စက်နဲ့ ဗိုက်တို့ လည်ပင်းတို့ ခေါင်းတို့ကိုထိုးဖောက်တာတောင်မှ ပေါက်ခဲ့ခြင်းမရှိပါဘူး။

သူဘယ်လိုကျင့်စဉ်တွေကျင့်ထားလဲဆိုတာတော့ သေချာမသိရပေမယ့် သူလုပ်ပြခဲ့တဲ့အရာတွေကတော့ ကြည့်ရှုမိရတဲ့သူတွေအဖို့ သွေးပျက်သွားစေနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် Hu Qiong ပညာအစွမ်းပြထားတဲ့ ဗီဒီယိုတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။ 

Ref Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။