ပြီးခဲ့တဲ့စနေနေ့ကယှဉ်ပြိုင်ကစားသွားခဲ့တဲ့လက်စတာအသင်းနဲ့ဝက်ဟမ်းအသင်းတို့တစ်ဖက်

တစ်ဂိုးစီသရေကျသွားတဲ့ပွဲအပြီးမှာလက်စတာအသင်းပိုင်ရှင်ဝီချိုင်းရဲ့ရဟတ်ယာဉ်ဟာ

ပျက်ကျသွားခဲ့တာပါ။အဆိုပါဖြစ်စဉ်ဟာပွဲအပြီးကွင်းထဲကအပြန်မှာဖြစ်ပြီးရဟတ်ယာဉ်စတက်ပြီးသိပ်မကြာခင်မှာပျက်ကျခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာအသင်းပိုင်ရှင်ဝီချိုင်းအပါအဝင်ပိုင်းလော့နှစ်ယောက်နဲ့တူတူလူ၅ယောက်ပါ

ဝင်သွားခဲ့ပါတယ်။အဆိုပါဖြစ်ရပ်ကြောင့်မိသားစုဝင်တွေပရိတ်သတ်တွေနဲ့ကစားသမားတွေက

စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ရဟတ်ယာဉ်ပျက်ကျတဲ့

ကွင်းအနီးနားမှာပန်းစည်းတွေနဲ့တူတူမိသာစုကစားသမားတွေပရိတ်သတ်တွေလာရောက်ကြတာဖြစ်ပါတယ်။

ဝီချိုင်းဟာလက်စတာအသင်းကိုဝယ်ယူပြီးနောက်ပိုင်းအသင်းရဲ့အအောင်မြင်ဆုံးအဖြစ်အမှတ်ပေး

ချန်ပီယံဆုကိုရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာစီယံနိုင်ငံတွေထဲမှာလည်းအင်္ဂလန်အသင်းတစ်သင်း

ကိုပိုင်ဆိုင်ပြီးအမှတ်ပေးချန်ပီယံကိုယူပေးနိုင်တာဖြစ်တဲ့အတွက်အာစီယံနိုင်ငံတွေအတွက်

ဂုဏ်ယူစရာအဖြစ်ဖန်တီးပေးနိုင်ခဲ့တာပါ။ဝီချိုင်းရဲ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ကွင်းမှာပြုလုပ်တဲ့

ပွဲလေးကိုတက်ရောက်လာတဲ့မိသားစုဝင်တွေအသင်းသားတွေ၊ပရိတ်သတ်တွေရဲ့ကြေကွဲစရာပုံရိပ်လေးတွေကလည်းစိတ်မကောင်းဖြစ်စေမှာပါ။

SOURCE:Leicester City Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။