ပရိသတ်ကြီးရေ အသက် 80 အရွယ်ရှိနေပြီဖြစ်တဲ့ အဘွားအိုတစ်ဦးဟာ သက်ကြီးရွယ်အိုတွေရဲ့ အသက်ရှင်ရပ်တည်မှုကိုဖော်ပြပေးနေတဲ့ အစီစဉ်တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံက Super60+ အစီအစဉ်မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဘွားကတော့ လူအများရဲ့ပြောကြားချက်တွေအရ လမိုင်းနားမှာနေထိုင်တဲ့ မွန်လူမျိုးတစ်ဦးဖြစ်တယ်လို့သိရသလို ဒီအစဉ်ကနေ အဘွားရဲ့ အသက်ရှင်နေထိုင်မှုကို ရိုက်ကူးပြသခဲ့တဲ့ဗီဒီယိုလေးထွက်လာတဲ့အခါမှာတော့ လူအများအတွက် တကယ်ဝမ်းနည်းစရာကောင်းတဲ့ဗီဒီယိုလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ 

အဘွားအိုဟာရောဂါဝေဒနာခံစားနေရတဲ့ သူရဲ့သားအတွက် အသက်အရွယ်ကိုတော်မမှုနိုင်ဘဲ အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေရသူတစ်ဦးပဲဖြစ်ပါတယ်။

ခေါင်းပေါ်မှာ ခေါင်းမုကိုတင် အဲ့ဒီခေါင်းမုပေါ်မှာ ဈေးဗန်းရွဲ့ပြီး ဈေးလိုက်ရောင်းရင်း ပင်ပန်းဆင်းရဲစွာနဲ့ ပိုက်ဆံရှာဖွေနေရတဲ့ အဘွားရဲ့ဘဝကတော့ ပင်ပန်းဆင်းရဲမှုတွေများစွာရှိနေပေမယ့် အဘွားအိုဟာ သားဇောနဲ့ မမောနိုင်ရှာတဲ့ အမေတစ်ယောက်ပဲဖြစ်ပါတယ်။  

အဘွားအိုဟာ ဒီအစီအစဉ်မှာဝင်ရောက်ယှဉ်ပြိုင်ချိန်မှာတောင် မြန်မာအမျိုးသမီးတွေဝတ်ဆင်တဲ့ ထဘီကိုသာဝတ်ဆင်ထားသလို ဈေးဗန်းရွဲ့ရတာအသားကြနေပြီဖြစ်တဲ့အဘွားဟာ ဒီပွဲအတွင်းမှာလည်းအဘွားဟာ သူကျွမ်းကျင်တဲ့ပညာလေးနဲ့ ခုံအရှည်ပေါ်ကို ကော်ဇလုံတွေ ၊ဗုံးတွေတင်ပြီး ရွဲ့ပြခဲ့ပါသေးတယ်။

ပရိသတ်တွေအနေနဲ့လည်း ဒီဗီဒီယိုလေးကိုသာကြည့်လိုက်မယ်ဆိုရင်တော့ သားသမီးအပေါ်မှာ ထားရှိတဲ့ မိခင်တစ်ယောက်ရဲ့မေတ္တာကို အတိုင်းသားမြင်တွေ့နိုင်မှာပဲဖြစ်သလို လောကဓံကိုကြံကြံခံရင်ဆိုင်နေတဲ့ အဘွားအိုတစ်ယောက်ရဲ့ လေးစားစရာ သတ္တိကိုလည်းမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဒီဗီဒီယိုလေးကိုကြည့်မယ်ဆိုရင်တော့ မျက်ရည်ခိုင်ဖို့တော့လိုတယ်နော်။

source - Super 60+

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။