လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။    

ဒေဝကတော့ လက်ရှိနည်းပြများစွာနှင့်အတူသင်ယူမှုတွေအဆက်မပျက်ပြုလုပ်နေပြီး အမိုက်စားလေးကျင့်မှု ဗီဒီယိုဖိုင်တွေကို ပြသလေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ မှာတော့ဒေဝရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် သာမာန်နဲ့မတူတဲ့ဗီဒီယိုဖိုင်တစ်ခုကိုပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ နောဝေး၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံတွေရဲ့ သမိုင်းဝင်သူရဲကောင်းတွေဖြစ်ကြတဲ့ ဗိုက်ကင်းပုံစံရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။  

ဗိုက်ကင်းသူရဲကောင်းတွေရဲ့ ရဲရင့်တဲ့ပုံစံကိုအဓိကအတုယူပြီး ဒေဝရဲ့ လက်ဝှေ့စွမ်းတွေကို ပြသခဲ့တာပဲဖြစ်ပါတယ်။ အမိုက်စားပုံစံနဲ့ ရိုက်ကူးပြသလာတဲ့ မြန်မာ့ချန်ပီယံဒေဝရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

PHotos - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။