မြန်မာမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Seung-heon Song ကိုအပြင်မှာတွေ့လိုက်ရင် အရမ်းပျော်သွားမယ့် သူ့ပရိတ်သတ်အများအပြား မြန်မာပြည်မှာရှိပါတယ် ... ကံထူးတဲ့မိုးကုတ်သူလေးတစ်ဦးကတော့ အပြင်မှာတွေ့ဖူးရုံမကဘဲ ရုပ်ရှင်တောင်အတူတူရိုက်နိုင်တဲ့ အခွင့်အရေးကိုရရှိခဲ့တာပါ ။

စန္ဒာလင်း (Yang Yang) လို့အမည်ရတဲ့ သူမ ပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့The Third Way of Love ဖြစ်ပါတယ် ။ ကိုရီးယားမင်းသား ဂျွန်စောနဲ့ နောက်ပိုင်းသူ့ချစ်သူဖြစ်လာမယ့်တရုတ်မင်းသမီး လင်ယုဖေး ( မြန်မာပရိတ်သတ်တွေအခေါ် - ဂူးဂူး ) တို့ ခေါင်းဆောင်ပါဝင်ထားတဲ့နာမည်ကြီးဇာတ်ကားပါ ။ ( ရိုက်ကူးပြီးနောက်မှာ သူတို့နှစ်ဦးလဲဲတစ်ကယ်ကို အပြင်မှာချစ်သူဖြစ်သွားကြပါတယ် ။ ) 

အဲဒီဇာတ်ကားမှာ မစန္ဒာလင်းက အရံမင်းသမီးတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာပါ ။အနုပညာအမည် အိန်ဂျယ်မိုးလို့ခေါ်တဲ့ မစန္ဒာလင်းက ရှန်ဟိုင်းတက္ကသိုလ်မှာ ၂၀၁၃ ကနေ ၂၀၁၅ ထိတတ်ရောက်ခဲ့ပြီး model တစ်ယောက်အပြင် ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်အဖြစ်လဲရပ်တည်နေပါတယ် ။ ဖက်ရှင်ဒီဇိုင်းနာပီပီ ဖက်ရှင်ကျပြီး ငယ်ရွယ်လှပတဲ့ သူမကို အားပေးကြပါဦးနော် ...

Source : myanmarcelebrity and sandarlin Yang Yang's facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။