ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာပါပဲ။ အစားအသောက်၊ အနေအထိုင်ကြောင့်လည်း ဆံပင်ပျက်စီးစေနိုင်သလို အခြားသော အကြောင်းအရာများကြောင့်လည်း ဆံသားကို ထိခိုက်ပျက်စီးစေ နိုင်ပါတယ်။ ဆံပင်တွေဖြူလို့၊ ဆံသားကြမ်းလို့၊ ဆံပင်ကျွတ်လို့ စသည်ဖြင့် စိတ်ညစ်နေတယ် ဆိုရင်တော့ ဒီနည်းလမ်းလေးကို လိုက်နာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လွယ်ကူပြီး ထိရောက်လွန်းတာမို့ လုပ်ဖြစ်ောအင် လုပ်ကြည့်နော်။

ပြုလုပ်ပုံနည်းလမ်း

ရေ ၂ ခွက်အပြည့်ကို ဆူအောင်သည်ပါ။ ပြီးရင် ရေနွေးဆူဆူကို မီးဖိုပေါ်ကချပြီးနောက် လက်ဖက်ခြောက်အိတ် ၂ အိတ် (သို့) လက်ဖက်ခြောက်စားပွဲတင်ဇွန်း ၂ ဇွန်း ကိုထည့်ပြီး စိမ်ထားပေးပါ။ နာရီအနည်းငယ်ကြာ (သို့) တစ်ညလုံးစိမ်ထားပါ။ မနက်မိုးလင်းရင် သုံးလို့ရပါပြီ။

ပထမဦးစွာ ဆံသားကို ဓာတုဆေးဝါးပါဝင်မှု နည်းသော ခေါင်းလျှော်ရည်/ အနံ့ မပါသော ခေါင်းလျှော်ရည်/ ကလေးခေါင်းလျှော်ရည်/ နို့ခေါင်းလျှော်ရည် စသည်ဖြင့် တစ်မျိုးမျိုးဖြင့် ခေါင်းလျှော်ပါ။ ပြီးရင်တော့ ရေနွေးကြမ်းကို လောင်းချပြီး နာရီဝက်လောက်ထားပါ။ အဲဒီနောက် ပေါင်းဆေးသုံးပြီး ခေါင်းလျှော်ချပါ။

အဲ့ဒီနောက်မှာတော့ ဆံပင်ခြောက်သွားတဲ့အခါ သိသိသာသာပြောင်းလဲသွားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ခေါင်းလျှော်တဲ့အခါတိုင်း ဒီနည်းလမ်းကိုသုံးလို့ရပါတယ်။ တစ်ပတ်ကိုတော့ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ၁ လတိတိလုပ်ပေးရမှာ ပိုပြီး ထိရောက်မှာ ဖြစ်ပါတယ်။ လက်ဖက်ခြောက်က ဆံပင်ကျွတ်တာကို သက်သာစေတဲ့ အပြင် ဆံသားကို နူးညံ့ပြီး တောက်ပြောင်နက်မှောင်စေပါတယ်။

ဖော်ပြပါ အချက်များ သိရှိပြီးပြီ ဆိုရင်တော့ ပျိုမေတွေအတွက် အကုန်အကျ သက်သာစေမယ့်အပြင် လွယ်လွယ်ကူကူနဲ့ လှပ ကျော့ရှင်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။

Source: Google (benefit of washing hair with warm water) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။