တခါတရံမှာတော့ အင်အားကြီးမားတဲ့ သတ္တဝါတွေအချင်းချင်း ပြန်လည်တိုက်ခိုက်ကြတဲ့အခါမျိုးတွေလည်းများစွာရှိကြပါတယ်။

လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း အင်အားကြီးတယ်လို့ဆိုလို့ရတဲ့ မိကျောင်းတစ်ကောင်ကိုမြိုနေတဲ့ မြွေကြီးတစ်ကောင်ကို ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုထွက်ပေါ်လာပါတယ်။

ဒီဗီဒီယိုဖိုင်ရဲ့အစမှာတော့ မြွေကြီးရဲ့ချုပ်တာကိုခံထားရတဲ့ မိကျောင်းဟာ အခွင့်သာချိန်မှာ ပြန်လည်ခုခံမှုလုပ်ခဲ့ပေမယ့် မြွေကြီးရဲ့အတင်းချုပ်နှောင်မှုကိုတော့ မခုခံနိုင်ခဲ့တာတွေ့ရပါတယ်။

အဲ့ဒီနောက်မှာတွေမြွေကြီးဟာ သူ့ရဲ့ပါးစပ်ကိုဖြဲပြီး မိကျောင်းကိုခောင်းကနေ ဖြေးဖြေးချင်းမြိုချနေတာကြီးက ကြောက်စရာကောင်းလှပါတယ်။  

မိကျောင်းအနေနဲ့လည်းမ အားရှိသလောက်တော့ ပြန်လည်ခုခံခဲ့ပေမယ့် အားချင်းမမျှတဲ့အဆုံးမှာ အရှုံးပေးလိုက်ရပြီး မြွေကြီးရဲ့အစာအဖြစ်ရဲ့ဇာတ်သိမ်းသွားခဲ့ရတာပါ။

ပရိသတ်တွေအတွက် ဒီဗီဒီယိုဖိုင်လေးကိုလည်းထည့်သွင်းဖော်ပြပေးလိုက်ပါတယ်နော်။ 

VIDEO CREDIT - OJATRO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။