တူနီးရှားနိုင်ငံရဲ့မြို့တော် တူးနစ်မှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့က ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

ဒီဗုံးခွဲမှုကို ကျူးလွန်ခဲ့သူကတော့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘယ်သူဘယ်ဝါကခိုင်းစေတယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

သူမဖောက်ခွဲခဲ့တဲ့နေရာအတိအကျကတော့ အထင်ကရ ကဇာတ်ရုံနဲ့ ပြင်သစ်သံရုံးအနီးက ဟာဘစ်ဘာကွီဘာ ရပ်သာလမ်းမှာ ဖောက်ခွဲခဲ့တာပဲဖြစ်ပါတယ်။

အခုလိုဖောက်ခွဲခဲ့မှုကြောင့် ရဲဝန်ထမ်း ၈ ဦအပါအဝင် စုစုပေါင်း လူ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။  

အခုလိုဖောက်ခွဲမှုကိုတော့ တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်ဖောက်ခွဲမှုအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် ဖောက်ခွဲခဲ့တဲ့အမျိုးသမီးဟာလည်း စစ်သွေးကြတွေနဲ့ ပတ်သတ်မှုမရှိဘူးလို့ပြောကြားမှုတွေကိုလည်းတွေ့ရပါတယ်။ 

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။