သစ်တော်သီး ကို ခုဆိုရင်တော့ ရာသီတိုင်းစားသုံးနိုင်ပါတယ်။ အသီးအနှံတိုင်းမှာ ဓတ်ပေါင်းစုတွေပါဝင်လို့နေပါတယ်။ ဗီတာမင်တွေလည်းပါဝင်လို့နေ ပါတယ်နော်။ သစ်တော်သီးက အရသာလည်းရှိသလို ရေဓာတ်ပြည့်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ အမျိုး သမီးတွေအတွက် အလှပရေးရာမှာ အသုံးဝင်တဲ့ သစ်သီးတစ်မျိုးပါနော်။ သစ်တော်သီးကို ပန်းသစ်တော်လို့ လည်းခေါ်ကြပါတယ်။ အဲဒီပန်းသစ်တော်ထဲမှာ ကျန်းမာရေးအတွက်ကောင်းကျိုးတွေ ပါဝင်နေတယ်ဆိုတာ ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ 

သစ်တော်သီးတစ်လုံး နေ့စဉ်စားသုံးရင် အစာခြေစနစ်ကို ကောင်းမွန်စေပြီးအူမကြီးအတွက် ကောင်းတဲ့ လုပ်ဆောင်ချက်တွေကို အဓီကလုပ်ဆောင်ပေးပါတယ်။ သစ်တော်သီးမှာ ၂၀ ရာခိုင်နှုန်းကျော် အမျှင်ဓာတ် ပါဝင်နေပါတယ်နော်။ နောက်တစ်မျိုးက ဗီတာမင် စီ၊ ဗီတာမင် အေ၊ သံဓာတ်၊ကော့ပါး ၊ပိုတက်စီယမ်၊ မဂ္ဂနိစ် ဓာတ်တို့ပါဝင်မှုကြောင့် ကိုယ်ခံအားအတွက်အားကိုးထိုက်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဓတ်တိုး ဆန့်ကျင် ပစ္စည်း၊ ဗီတာမင် စီ၊အေ၊တို့ပါဝင်နေသောကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ သစ်တော်သီးတစ်လုံးနေ့စဉ် စားသုံးပေးပါက folic acid ၅ ရာခိုင်နှုန်း ပါရှိပြီး ကိုယ်ဝန်ဆောင်မိခင်လောင် တွေ အတွက်အင်းအားကို တိုးမြင့်စေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက ကိုလက်စထရောအဆီတွေကို အစာအိမ်ထဲမှ ဖယ်ရှားနိုင်ဖို့အတွက် သစ်တော်သီးက အမျှင်ဓာတ်ပါဝင်တာကြောင့် စားပေးသင့်တဲ့ အသစ် တစ်မျိုးဖြစ်ပါတယ်။ ဆီးချိုသမားတွေက သစ်တော်သီးများများစားခြင်းမှ ရှောင်ကြည်သင့်ပါတယ်။ ဆီးချို မရှိတဲ့သူတွေအတွက်လည်း ဖြစ်မလာအောင် သစ်တော်သီးစားပြီးကာကွယ်နိုင်ပါတယ်။ 

Flavonoids ဓာတ်ပါဝင်နေလို့ အင်ဆူလင်တုံ့ပြန်စွမ်းအားကို မြှင့်တင်ပေးပြီးဆီးချိုကိုကာကွယ်ပေးပါတယ်။ boron ဓာတ်ကလည်း ကယ်လ်ဆီယမ် ဓာတ်ကိုထိန်းပေးတာကြောင့် အရိုးပွခြင်း၊ အရိုးတွေသန်မာစေတဲ့ အတွက်သစ်တော်သီးကို စားပေးသင့်ပါတယ်နော်။နောက်တစ်မျိုးကတော့ ချွဲသလိပ်တွေကို ကြေစေပါ တယ်နော်။ ရာသီဥတုအေးတဲ့ ဆောင်ရာသီတွေမှာ ဖြစ်တတ်တဲ့ ချွဲထခြင်း၊ အအေးမီခြင်းတို့အတွက် သစ်တော်သီးဖျော်ရည်ကို တိုက်ပေးပါက ချွဲသလိပ်ကြေပြီး ရင်ချောင်စေပါတယ်နော်။ 

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။