ထိုင်းရုပ်ရှင်ဆုပေးပွဲသို့ ရောက်ရှိနေတဲ့ အနုပညာရှင်တွေ

မြန်မာ ထိုင်း အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ From Bangkok To Mandalay ဇာတ်ကားဟာ မြန်မာပရိသတ်တွေကြားမှာသာမက ထိုင်းပရိသတ်တွေကြားမှာပါ နာမည်ကြီးနေတဲ့ ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ပါဝင်ထားတဲ့ အနုပညာရှင်တွေကလည်း ပရိသတ်အကြိုက် ဒိတ်ဒိတ်ကြဲဖြစ်တဲ့ အကယ်ဒမီ နေတိုး အကယ်ဒမီ ဝတ်မှုံရွှေရည်နှင့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ထိုင်းမင်းသမီးလေး တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ယင်းဇာတ်ကားဟာ မြန်မာ့အကယ်ဒမီထူးချွန်ဆု တစ်ကြိုစာရင်းမှာလည်း ပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ရုပ်ရှင်ထူးချွန်ဆု စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ မင်းသားနှစ်ဦးဖြစ်တဲ့ နေတိုး နဲ့ စိုင်းစိုင်း တို့ကလည်း အကယ်ဒမီထူးချွန်ဆုအတွက် လျာထားခြင်းခံရပြီး စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ကတော့ လက်ရှိကျင်းပနေတဲ့ ထိုင်းရုပ်ရှင်ဆုပေးပွဲသို့ တက်ရောက်နေပါတယ်။

Source: Popular News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။