ဆူဇူကီးဖလားပြိုင်ပွဲကတော့နောက်လမှာယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီး

နီးလာတာနဲ့အမျှအသင်းတိုင်းကတော့ကြိုးစားပြင်ဆင်မှုတွေလုပ်နေကြတာဖြစ်ပါတယ်။

မြန်မာအသင်းကလည်းဆူဇူကီးပြိုင်ပွဲမှာချန်ပီယံမဖြစ်ဘူးသေးတာကြောင့်ပရိတ်သတ်တွေက

ချန်ပီယံဆုကိုမျှော်လင့်နေတာဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့ပရိတ်သတ်တွေကတော့ဒီပွဲကိုအားခဲထားတာဖြစ်ပါတယ်။

ဂျာမန်နည်းပြသစ်ရဲ့လက်ထက်မှာအသင်းကြီးတွေကိုအကောင်းဆုံးယှဉ်ပြိုင်လာနိုင်တာကို

တွေ့ရတာပါ။ဒီနှစ်ဆူဇူကီးဖလားပြိုင်ပွဲဟာအိမ်ကွင်းအဝေးကွင်းပုံစံနဲ့ကျင်းပမှာဖြစ်တာကြောင့်

အသင်းတိုင်းဟာအိမ်ကွင်းပွဲစဉ်တွေမှာအမှားခံမှာမဟုတ်ပါဘူး။မြန်မာပရိတ်သတ်တွေအနေနဲ့

အိမ်ကွင်းပွဲစဉ်တွေမှာအနိုင်ရဖို့ဆိုပရိတ်သတ်၃သောင်းကျော်ဆန့်တဲ့ကွင်းတွေမှာပရိတ်သတ်

အပြည့်လာရောက်အားပေးဖို့လိုအပ်နေတာပါ။

ကမ္ဘောဒီးယားနဲ့ပွဲကိုတော့မန္တလာသီရိကွင်းမှာကျင်းပမှာဖြစ်ပြီးဗီယက်နမ်နဲ့ပွဲကိုတော့ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာကစားမှာ

ဖြစ်ပါတယ်။မြန်မာအသင်းဟာကမ္ဘောဒီးယားနဲ့လာအိုတို့ကိုအစောပွဲတွေမှာကစားရမှာဖြစ်တာကြောင့်

မဖြစ်မနေအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်.ဗီယက်နမ်နဲ့အိမ်ကွင်းပွဲမှာအနိုင်ယူနိုင်မှမလေးရှားနဲ့ပွဲကို

အဝေးကွင်းမှာအနည်းဆုံးသရေရလဒ်ယူနိုင်မှအုပ်စုတက်ဖို့အခွင့်လမ်းတွေပေါ်လာမှာပါ။ဒါကြောင့်

အိမ်ကွင်းပွဲစဉ်တွေကိုအနိုင်ယူဖို့အတွက်ကွင်းလုံးပြည့်အားပေးဖို့ဖိတ်ခေါ်ရင်းနဲ့မြန်မာတွေရဲ့စည်းလုံးမှုတွေကိုထုတ်ပြလိုက်ရအောင်။

PHOTO: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။