Taylorရဲ့ပရိသတ်တွေတော့ မခံချင်ဖြစ်တော့မှာပဲ။ Instagram မှာ Follower အများဆုံး ပထမနေရာကတော့ တည်ငြိမ်နေတာ အချိန်ကာလတစ်ခု ရှိခဲ့ပါပြီ။ Beyonce, Kim Kardashian နဲ့ Taylor Swift တို့ရဲ့ အလှည့်တွေအပြီးမှာ Selena Gomez က Follower (၁၁၁)သန်းနဲ့ ပထမနေရာကို ရယူထားပါတယ်။

ဒီအရေအတွက်ဟာဆိုရင် ဒုတိယနေရာနဲ့ (၁၂.၅)သန်း ကွာခြားနေပါတယ်။ ဒါဆို နံပါတ်(၂)နေရာမှာ ဘယ်သူများဖြစ်မလဲ။ Taylor Swift က follower (၉၈.၃)သန်းနဲ့ နံပါတ်(၂)နေရာမှာ ရှိနေခဲ့ပေမဲ့ အခုတော့ Ariana Grande က (၉၈.၅)သန်းနဲ့ ကျော်တက်သွားပြီဖြစ်ပါတယ်။ 

Grande က ဆိုရှယ်မီဒီယာနဲ့ အဆက်မပြတ်ထိတွေ့နေသူမို့ ဒီလိုကျော်တက်နိုင်တာလည်း အ့ံသြစရာတော့ မဟုတ်ပါဘူး။ Swift ကတော့ လတ်တလောမှာ ဘယ်လိုလှုပ်ရှားမှုမျိုးမရှိဘဲ ငြိမ်ချက်သားကောင်းနေပါတယ်။ Bey နဲ့ Kim Kardanshian တို့လည်း နံပါတ်တစ်မဟုတ်တော့ပေမဲ့ ထိပ်ပိုင်းစာရင်းမှာ ရှိနေဆဲပါပဲ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။