အကြွေးပြန်မဆပ်နိုင်၍ ယောကျာ်းကို ဦးခေါင်းကိုင်ဆောင့်ပြီး သမံတလင်းနဲ့တိုက်၊လည်ပင်းညှစ်သောဇနီး

ငွေချေးပြီးနောက် အကြွေးပြန်မဆပ်နိုင်သည့်ကိစ္စဖြင့် လင်မယားနှစ်ဦး စကားများ ရန် ဖြစ်ရာမှ ဇနီးသည်က ခင်ပွန်းကို ဦးခေါင်းကိုင်ဆောင့်ကာ ပရိတ်ကြိုးဖြင့် လည်ပင်းကို ညှစ်ခဲ့သောကြောင့် ခင်ပွန်းသည် သေဆုံးခဲ့သည်။

တောင်ဒဂုံမြို့နယ် (၁၇) ရပ်ကွက် SINMA အိမ်ရာနေ အသက် (၃၈)နှစ်အရွယ် မစိုးမြတ် ထိုက်သည် မတ်လ ၂ ရက် ည ၁၁ ခွဲခန့်၌ အကြွေးပြန်မဆပ်နိုင် သည့်ကိစ္စဖြင့် ခင်ပွန်းနှင့် စကားများ ရန်ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြော ကြားသည်။

လင်မယားနှစ်ဦး စကားများ ကာ လုံးထွေးသတ်ပုတ်စဉ် မစိုး မြတ်ထိုက်သည် အသက် (၃၃) နှစ်အရွယ် ခင်ပွန်းသည်၏ ဦး ခေါင်းကို ကိုင်ဆောင့်၍ သမံတလင်းနှင့်တိုက်ခြင်း၊ ခင်ပွန်းသည် လည်ပင်းတွင် ဆွဲထားသည့် ပရိတ်ကြိုးကိုဆွဲ၍ လည်ပင်းညှစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးကဆိုသည်။

သေဆုံးသူသည် အရက်စွဲနေသဖြင့် အင်အားချည့်နဲ့နေသူ ဖြစ်ပြီး ဘယ်ဘက်မျက်ခုံးထိပ် ပေါက်ပြဲ သွေးထွက်ဒဏ်ရာ တစ်ချက်၊ လည်ပင်းတွင် ပွန်းရှဒဏ်ရာ များဖြင့် သေဆုံးခဲ့ကြောင်း ၎င်း က ဆက်လက်ရှင်းပြသည်။

ခင်ပွန်းသည်ကို သေဆုံးအောင်ပြုလုပ်ခဲ့သူ မစိုးမြတ်ထိုက်ကို တောင်ဒဂုံမြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် ညကလည်း လှိုင်သာယာမြို့နယ် ညောင်ရွာနေ အသက် (၄၆)နှစ်အရွယ် အမျိုးသားနှင့် ဇနီးတို့ စကားများရန်ဖြစ်ပြီး လုံးထွေးသတ်ပုတ်နေစဉ် ဇနီးသည် က နေအိမ်သုံး စတီးဓားဖြင့် ထိုးသောကြောင့် ခင်ပွန်းသည် သေ ဆုံးခဲ့သည်။ ထို့အတူ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း လှည်းကူးမြို့နယ် အနန်းဘိုကုန်း ကျေးရွာနေ လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဇနီးသည်က ခင်ပွန်းကို ထင်းခုတ်ဓားဖြင့် ခုတ်သောကြောင့် ခင်ပွန်းသည် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။