အချုပ်ကျနေတဲ့အမျိုးသမီးကို တာဝန်ကျအစောင့်ရဲတပ်သားက အဓမ္မပြုကျင့်ဖို့နှစ်ကြိမ်ကြံစည်

ရဲတပ်သားမှ အချုပ်ကျအမျိုးသမီးကို ပြန်ကြံစည်

စစ်ကိုင်းဒေသကြီး ဒီပဲယင်းမြို ့နယ် ရဲစခန်းမှာ အချုပ်ကျနေတဲ့ အမျိုးသမီးတစ်ဦးကို တာဝန်ကျအစောင့် ရဲတပ်သားက အဓမ္မပြုကျင့်ဖို ့ နှစ်ကြိမ်နီးပါး ကြံစည်နေတာ သွားရောက်ကြည့်ရှု ပေးဖို ့ အကူအညီတောင်းလာတာကြောင့် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်က သွားရောက်ကြည့်ရှုခဲ့တယ်လို ့သိရပါတယ်။

ဒီပဲယင်းရဲစခန်းက အမျိုးသမီး အချုပ်ခန်းမှာ အဲသည့်အမျိုးသမီး တစ်ဦးသာရှိတာ ဖြစ်တယ်လို ့ သိရပါတယ်။

”အမျိုးသမီးအချုပ်ထဲမှာ သူတစ်ယောက်တည်းရှိတယ်။ အခြားအချုပ်သားက မရှိဘူး။ တာဝန်ကျရဲတပ်သားက မူးလာရင် သူ့အခန်းဝင်လာပြီး ပုခုံးဆွဲတာတွေ လုပ်တယ်။နောက် သူနဲ ့မပတ်သက်လို ့ဆိုပြီး ဆဲဆို၊မာန်မဲနေတယ်။ နောက်ရက်လည်း လာတယ်လို ့ ပြောတယ်။ အုပ်ထိန်းသူကတော့မဟုတ်ဘူး။ သူနဲ ့နီးစပ်တဲ့ တစ်ယောက်က အကူအညီတောင်းလို ့ သွားကြည့်တာ သွားတွေ ့တော့လည်း အဲ့လိုပဲပြောတယ်” လိုု့ ဒီပဲယင်းမြို ့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးက ပြောပါတယ်။ ဒါပေမယ့် အဲသည်အမျိုးသမီးကို သွားရောက်တွေ ့ဆုံနေချိန်မှာ ကြောက်လန် ့နေလို ့သေသေချာချာမေးမြန်းလို ့ မရဘဲ နောက်တစ်ခါ မနှောင့်ယှက်အောင် ပြောပေးဖို ့ဆိုတာကိုသာ တောင်းဆိုတယ်လို ့ဒေါ်နှင်းခိုင်စိုးက ပြောပါတယ်။

အဲသည်မျိုးသမီးဟာ ပုဒ်မ ၃၆၀ ခိုးမှုနဲ ့ အချုပ်ကျနေတာဖြစ်ပြီး အချုပ်ရက်ပေါင်း ၁၂၀( ၄လ) ရှိပြီဖြစ်တယ်လို ့သိရပါတယ်။

” အမျိုးသမီးအချုပ်ခန်းနဲ ့ အမျိုးသား အချုပ်ခန်းနဲ့က နီးတယ်။ အမျိုးသားတွေ အိမ်သာတက်ရင်လည်း မြင်ရတယ်။ အမျိုးသား အချုပ်သား ၁၄ ယောက်ရှိတယ်။ ကျွန်မသွားတွေ ့တော့ အချုပ်သား သုံးလေးယောက်လောက်က ထွက်လာတာ နှစ်ခါလောက်မြင်ရတယ်လို ့ ပြောတယ်။ အမှန်ကတော့ လိင်နဲ ့ပတ်သက်ပြီးတော့ နှောင့်ယှက်တာပေ့ါ။ ကောင်မလေးက လက်မခံတော့ ဆဲဆိုကြိမ်းမောင်းတယ်။ အဲဒါကိုကြောက်လန် ့နေလို ့ သေသေချာချာမေးလို ့မရဘူး။ အပြစ်ပေးဖို ့ တိုင်တန်းချင်လားဆိုပြီး မေးတော့ နောက်တစ်ခါမဖြစ်အောင် ပြောပေးရင်ရပါတယ်လို ့ ပြောတယ်” လို ့ ဒေါ်နှင်းခိုင်စိုးက ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ဒီပဲယင်းမြို့နယ် ရဲစခန်းကိုဆက်သွယ်မေးမြန်းရာမှာ ဒီပဲယင်းမြို ့နယ် ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်က ”ဒီကလေးမလေးကို ကျွန်တော်တို ့ရဲတပ်သားနဲ က အမှုသွားအမှုလာတွေမှာ အကူအညီတောင်းလို ့ သွားသွား လာလာရှိပါတယ်။။ အဲဒါဘယ်လို ပြဿသနာဖြစ်သလဲတော့ မသိဘူး။အဖုအထစ်တွေ ဖြစ်တယ်ပဲထင်ပါ တယ်။ဒေါ်နှင်းခိုင်စိုး လာကြည့်လို ့ ကျွန်တော် အဲဒီကလေးမလေးကို အေးဆေးသွားတွေ ့တယ်။မေးတယ်။ မကြောက်ဖို ့ ပြောတယ်။ ကလေးမလေးက နောက်တစ််ခါ မနှောင့်ယှက်ရင် ရပါတယ်လို ့ပြောတယ်။ အရေးယူစေချင်လားဆိုတော့လည်း နောက်တစ်ခါ မနှောင့်ယှက်အောင်ပဲ ပြောပါဆိုတာပဲ ထွက်လာတယ်။ လွန်လွန်ကျူးကျူးတော့ မဖြစ်သေးဘူးလို ့ ပြောပါတယ်” လို ့ ဆိုပါတယ်။ အဲသည်ဖြစ်စဉ်နဲ ့ပတ်သက်ပြီး နှောင့်ယှက်ခဲ့တဲ့ တာဝန်ကျရဲတပ်သားကိုလည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို ့ သူကပြောပါတယ်လို့ ဖော်ပြထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။