အိန္ဒိယနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဖခင်ကြီး စာဒါဗယ်လဘိုင် ပတေးလ် ရဲ့ပုံတူကိုတော့ အိန္ဒိယနိုင်ငံမှာစတင်ဖွင့်လှစ်ပေးခဲ့ပြီပဲဖြစ်ပါတယ်။

ပတေးလ်ကိုတော့ လူအများက သံမဏိလူသားလို့ အသိများပြီး သူဟာ လွပ်လပ်ရေးရအပြီး ကွဲပြားနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယိ ၅၀၀ နီးပါးကို တသားတည်းဖြစ်အောင် ပေါင်းစည်းပေးရာမှာပါဝင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ 

အခုဖွင့်လှစ်လိုက်တဲ့ သူ့ရဲ့ပုံတူရုပ်ထုကတော့ မီတာ ၂၄၀ အမြင့်ရှိပြီး သံနဲ့ကြေးနီပေါင်းစပ်ကြီး သွန်းထုထားတဲ့ ရုပ်ထုကြီးတစ်ခုပဲဖြစ်သလို ဒီရုပ်ထုကြီးတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၄၂၀ လောက်ကုန်ကျခဲ့တာပဲဖြစ်ပါတယ်။

ဒီပုံတူရုပ်ထုကြီးဟာ အမေရိကန်နိုင်ငံက လွတ်လပ်ရေးရုပ်ထုထက် ၂ ဆလောက်ကြီးမားသလို ကမ္ဘာ့အကြီးမားဆုံးရုပ်ထုကြီးပုံတူရုပ်ထုကြီး အဖြစ်မှတ်တမ်းဝင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒီရုပ်ထုကြီးကိုတော့ ပတေးလ်ရဲ့ဇာတိမြေဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်မှာ ဖွင့်လှစ်ပစ်လေးခဲ့တာဖြစ်သလို လူအများကတော့ အိန္ဒိယနိုင်ငံကိုတည်ထောင်သူ ခေါင်းဆောင်ကြီးပတေးလ်ဆိုပြီး လာရောက်ဂါရဝပြုခဲ့ကြပါတယ်။  

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။