ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ မတ်လ (၅)ရက်နေ့ကကျင်းပခဲ့တဲ့ (၂၆)ကြိမ်မြောက် Thailand National Film Association Awards ဆုပေးပွဲကြီးမှာ From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားမှ Best Original Song Award ရရှိခဲ့ပါတယ်။ 

အဆိုပါ ဆုပေးပွဲကို From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြသော မြန်မာအနုပညာရှင်များဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် နှင့် ဝတ်မှုံရွှေရည်တို့က တက်ရောက်ခဲ့ပါတယ်။သူတို့နဲ့ အတူ ထိုင်းမင်းသမီးတစ်ဦးဖြစ်တဲ့ Nan Wahnလည်း တက်ရောက်ခဲ့ပါတယ်။

From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ Chartchai Ketnust ကရိုက်ကူးထားပြီး နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် နဲ့ ထိုင်းမင်းသမီး Pilaiporn Supinchompoo တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

အဆိုပါရုပ်ရှင်မှာ မြန်မာနိုင်ငံ၏ရှုခင်းအလှများကိုအသားပေးရိုက်ကူးထားပြီး နောက်ခံတေးသီချင်းတွေကလည်း တော်တော်ရေပန်းစားခဲ့ပါတယ်။

အခု ဆုပေးပွဲမှာတော့ From Bangkok To Mandalay ဇာတ်ကားအနေနဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံးရုပ်ရှင် ဖန်တီးမှုပိုင်းဆိုင်ရာ ထူးချွန်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး တေးဂီတဆုဆိုပြီး ဆုငါးဆုတိတိ ဆန်ခါတင်စာရင်းဝင်ခဲ့သော်လည်း Best Original Song Award (အကောင်းဆုံး တေးဂီတဆု) ကိုသာဆွတ်ခူးခဲ့ကြောင်းသိရှိရပါတယ်။

မြန်မာပရိသတ်တို့အချစ်တော် စိုင်းစိုင်းကတော့ “ဆုမရပေမယ်လည်းဒီနှစ်ထိုင်းမှာ ရုံတင်တဲ့ကားတွေအများကြီးကြားထဲမှာ ကိုယ့်ကိုယ် ဇကာတင်ရွေးချယ်ခံရတာ အသိမှတ်ပြုခံရတာ တကယ့်ကို အပိုဆောင်း ဘောနပ်စ် တစ်ခုပါပဲ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ကြိုးစားပါဦးမယ်ဗျ” လို့ သူ၏ဖေ့ဟ်ဘုတ်စာမျက်နှာပေါ်ကတဆင့်ပြောကြားခဲ့ပါတယ်။ 

may

သတင်းအရင်းမြစ် Sai Sai Fan Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။