ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေနဲ့အတူ တိမ်းမှောက်မှုဖြစ်စဉ်တွေကတော့ များစွာပါဝင်နေတာကိုအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။    

အဆိုပါ ဖြစ်စဉ်တွေထဲမှာ ဆုံးရှုံးမှုများစွာရှိခဲ့တဲ့ ယာဉ်တိမ်းမှောက်မှုလည်းပါဝင်နေတာတွေ့ရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁ရကနေ့မှာလည်း ဆန်အိတ်တင်ကုန်ကားတစ်စီအရှိန်မထိန်းနိုင်သိမ်းမှောက်မှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ ဇလွန် ဟင်္သာတလမ်း ဒေါင့်ကြီးဂွေ့တွင် ဆန်အိတ်များတင်ဆောင်လာသောကုန်ကားတစ်စီး အရှိန်လွန်ကာ လမ်းဘေးဇရပ်အား ဝင်တိုက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် တင်ဆောင်လာသော ဆန်များဆုံးရှုံးခဲ့ရပြီး လူထိခိုက်မှုမရှိကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ဒီကနေ့ ယာဉ်တိမ်းမှောက်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေကိုမျှဝေရင်း သတိထားမောင်းနှင်နိုင်ကြပါစေ...။

Photos - Kyaw Latt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။