တောင် အမေရိက မှစတင်ရှာဖွေတွေ့ရှိခဲ့တဲ့ ထောပတ်သီးမှာဆိုရင် ခန္ဓာကိုယ်ကို ကောင်းစွာအကျိုး ပြုနိုင်တဲ့ ဓာတ်များစွာပါဝင်ပါတယ်။ ထောပတ်သီးမှာ ဆိုရင် ဗီတာမင်၊ minerals၊ ပရိုတင်း စတဲ့ ဓာတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် အရမ်းကို အထောက်အကူပြုတဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။ ထောပတ်သီးဟာဆိုရင် ပင်ကိုယ်ချိုစိမ့်စိမ့်အရသာလေးရှိတာမို့ လူအများက ကြိုက်နှစ်သက်စွာ စားသုံးကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ယနေ့ ပြောပြမှာကတော့ လူတော်တေ်ာများများကြိုက်ကြတဲ့ ထောပတ်သီးဖျော်ရည်ကို သောက်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

ဝိတ်လျော့နေတဲ့ ပျိုပျိုတွေအတွက်ကတော့ အရမ်းစားရတာလည်း မဆိုးမယ့် ချိုမြမြ အရသာလေးနဲ့ သောက်လို့လည်းကောင်းမယ့် အသီးဖျော်ရည် တစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးမှာဆိုရင် ကယ်လိုရီပါဝင်မှု မရှိသလောက်နည်းတာကြောင့် ဝိတ်လျော့နေတဲ့ သူတွေအတွက်တော့ အရမ်းကို အထောက်အကူဖြစ်စေမယ့် အသီးတစ်မျိုးပဲဖြစ်ပါတယ်။

(၂)နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ထောပတ်သီးဖျော်ရည်ဟာဆိုရင် နှလုံး မှာဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို အကောင်းဆုံးကာကွယ်းပေးနိုင်ရုံသာမက သွေးဖိအားကိုလည်းထိန်းညှိပေးနိုင်ပါတယ်။

(၃)အမြင်အာရုံကို ကောင်းမွန်စေခြင်း

ထောပတ်သီးမှာ ပါဝင်တဲ့ carotenoid lutein က မျက်လုံးမှာဖြစ်ပေါ်တတ်တဲ့ အမြင်အာရုံဝေဝါးခြင်းနဲ့ မျက်လုံး ရေတိမ်ဖြစ်ခြင်းမှ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

(၄)ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေခြင်း

ထောပတ်သီးမှာဆိုရင် glutathioneဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပြီး ရောဂါတွေ မဝင်ရောက်နိုင်အောင်လည်း တားဆီး ကာကွယ်ပေးနိုင်ပါတယ်။

(၅)သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း

ထောပတ်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်တစ်မျိုးဟာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွင်း သကြားဓာတ်ကို အကောင်းမွန်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ထောပတ်သီးမှာ သကြားဓာတ် ဝ.၂ ဂရမ် သာပါဝင်တာကြောင့် ပိုပြီးအထောက်အကူ ဖြစ်စေပါတယ်။

(၆) ကင်ဆာရောဂါကို မဖြစ်ပွားနိုင်အောင် တားဆီးပေးနိုင်ခြင်း

ထောပတ်သီးမှာ ဓာတ်တိုးဆန့်ကျင့် ပစ္စည်းတွေ ပါဝင်တာကြောင့် ကင်ဆာရောဂါကို မဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ အသီး တစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ phytochemical က ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး ကင်ဆာရောဂါကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။

(၇)အသားအရေကို ဝင်းလက်တောက်ပစေခြင်း

ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် E က အသားအရေကို ဝင်းလက်စေပြီ အဖုအပိန့်တွေထွက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ထောပတ်သီး ဖျော်ရည်ကို တစ်နေ့ တစ်ခွက်ပုံမှန်သောက်ဖို့တော့လိုပြီနော်..။

Source:www.healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။