ဒါဖတ်ပြီးရင် ရေနွေးသောက်တာအဲ့လောက်တောင်အကျိုးရှိလားလို့မေးသွားရလိမ့်မယ်ဗျ။ ရေနွေးကို မနက်ပိုင်းအိပ်ရာထခါစနဲ့ ညပိုင်းအိပ်ရာဝင်တဲ့အခါသောက်ပေးရင် ပိုပြီး ကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။တချို့ဆိုရင် ရေနွေးကိုရောဂါပျောက်အောင် ကုသနည်းတဲ့ဆေးနည်း တခုအနေနဲ့တောင်အသုံးပြုကြပါတယ်။ ဘာလို့အဲ့လိုအသုံးပြုကြတာလဲဆိုတာကို အချက် (၆)ချက်နဲ့ဖော်ပြပေးလိုက်ပါတယ်။

၁။ နှာပိတ်တာပျောက်စေပါတယ်။

ရေနွေးငွေ့ကို ရှူရှိုက်ပေးရုံနဲ့တင်ပျောက်ကင်းစေတာပါ။ ရေနွေးကိုသောက်သုံးပေးမယ်ဆိုရင်တော့ လည်ချောင်နာခြင်းကို ထိထိရောက်ရောက်ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

၂။ အစာကြေလွယ်စေနိုင်ပါတယ်။

ရေနွေးသောက်ခြင်းဟာ ဗိုက်အောင့် ဗိုက်နာခြင်းကို သက်သာစေပြီး အစာကိုချေဖျက်ရလွယ်စေပါတယ်။ အစာတွေကို အစာအိမ်ဆီကို ချောချောမွေ့မွေ့ပို့ဆောင်ပေးပြီး ရေဓာတ်တွေကိုလည်းဖြည့်တင်းပေးပါတယ်။ အစာခြေရခက်တဲ့အရာတွေကိုလည်း ရေနွေးက အစာကြေလွယ်စေပါတယ်။

၃။ ဝမ်းမှန်မှန်သွားစေတယ်။

အူနဲ့အူအတွင်းပိုင်းကလီစာများကို ရေနွေးကတိုက်ရိုက်ထောက်ပံ့ပေးတဲ့အတွက်ဖြစ်ပါတယ်။ ဝမ်းချုပ်တတ်သောသူများ သောက်သုံးသင့်ပါတယ်။

၄။ ၀ိတ်ကျစေပါတယ်။

ခန္ဓာကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးပြီး အပူချိန်လျော့သွားတဲ့အခြေအနေမျိုးဖြစ်မှာဆိုရင်တောင် အပူချိန်ကိုအစားထိုးပေးပြီးပြန်လည်မြင့်တက်စေပါတယ်။ ဇီဝကာမဖြစ်စဉ်တွေကိုလည်း နိုးကြားစေပါတယ်။

၅။ စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်တယ်။

အရမ်းကောင်းတဲ့အချက်ပါ။ လူတိုင်းမှာစိတ်ဖိစီးမှုတွေက တနည်းမဟုတ်တနည်းကြုံနေရတာဖြစ်ပေမယ့်

သာမန်ရေနွေးတခွက်က ဒါတွေအားလုံးကိုလျော့ကျစေနိင်ပါတယ်။ အာရုံကြောမကြီးရဲ့လုပ်ဆောင်ချက်တွေကို အထောက်အပံ့ပေးနိုင်တဲ့အတွက် လူကိုactive ဖြစ်စေပြီး စိတ်ဖိစီးမှုတွေကိုလျော့ချပေးနိုင်ပါတယ်။ ရေနွေးသောက်ပြီး နွားနို့အနည်းငယ်သောက်ပေးမယ်ဆိုရင်တော့ သင့်ဘဝကိုပိုပြီးချိုမြိန်စေမှာပေါ့ဗျာ။ 

၆။ ကိုယ်တွင်းအဆိပ်အတောင့်တွေကိုဖယ်ရှားပေးတယ်။

ဒီအတွက်က ရေနွေးကို သောက်သုံးပြီးတာနဲ့ ချွေးအောင်းလိုက်ပါ။ အိပ်ရာထဲမှာပဲဖြစ်ဖြစ်ပေါ့။ ချွေးထွက်သွားတဲ့အခါမှာ အဆိပ်အတောင့်တွေက ခန္ဓာကိုယ်ထဲကနေ ချွေးတွေအဖြစ်နဲ့ထွက်သွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ရောဂါအများကြီးဖြစ်စေမယ့် ရေစိမ်းကိုသောက်မယ့်အတူတူ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ရေနွေးကိုသာသောက်သုံးသင့်တယ်လို့ အကြံပြုပါရစေ။

Source : healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။