ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအသုံးအဆောင်တွေကို တရုတ်နိုင်ငံထက်

ပို လူကြိုက်များပြီး အသုံးလဲခံတယ်ဆိုတာ သတိထားမိကြမှာပါ။

ဒါ့ပြင် ဂျပန်နိုင်ငံသားတွေဟာ ထူးထူးဆန်းဆန်း ပစ္စည်းတွေကိုလည်း တီထွင်ထုတ်လုပ်လေ့ရှိတဲ့အတွက်လည်း နာမည်ကြီးနေတာပါ။

သူတို့ဆီက ကြံကြံဖန်ဖန် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကြောင့် မြင်ရသူဖို့ တကယ်ကို အံ့အားသင့်သွားစေပါတယ်။

ကဲ နာမည်ကြီးနေတဲ့ ဂျပန်နိုင်ငံထုတ် အသုံးအဆောင်ပစ္စည်း(၁၇)ခုအကြောင်းကိုရော သိပြီးကြပြီလား။ မြင်တာနဲ့ ဘယ်ပစ္စည်းက ဘာအတွက် ဘယ်လိုအသုံးပြုရလဲဆိုတာ ချက်ချင်းသိသွားလိမ့်မယ်နော်။

(၁)ထောပတ်ခြစ်စက်

ပေါင်မုန့်ထောပတ်သုတ်စားတဲ့ အခါ အဆင်ပြေတာပေါ့။

(၂) ခေါက်ထီးပုံစံ နက်ကတိုင်

မသိရင်တော့ အမျိုးသားတွေလည်ပင်းမှာချည်တဲ့ နက်ကတိုင်ပေါ့ ။နေပူလို့ဖြစ်ဖြစ် မိုးရွာလို့ဖြစ်ဖြစ် အဲ့လိုအခါမျိုးမှာတော့ ထီးအဖြစ်ဆောင်းလို့ရတာပေါ့။

(၃) မျက်စင်းခက်တဲ့ ပြွန်လေး

မျက်စိနာလို့ဖြစ်ဖြစ် မျက်စင်းခတ်ချင်တဲ့အခါ ဒီပြွန်လေးကို မျက်လုံးမှာ တပ်ထားတော့ ဘေးတွေကို စီးကျပေကုန်မှာ စိတ်မပူရတော့ဘူးလေ။

(၄) အသံမကြားနိုင်တဲ့ ကာရာအိုကေ

သီချင်းဆိုချင်တဲ့အခါ အသံဆိုးနဲ့ အိမ်နီးချင်းတွေကို မနှိပ်စက်ချင်လို့ပဲဖြစ်ဖြစ် ကိုယ်ကလွဲပြီး ဘယ်သူမှ မကြားရတဲ့ ကာရာအိုကေ မိုက် ဖြစ်ပါတယ်။ ခဲ နဲ့ ထု မခံရတော့ဘူးပေါ့။

((၅) အသံဖမ်းနားဆင်နိုင်တဲ့ ခေါင်းအုံး

တီဗွီကြည့်ရင်း အသံအရမ်းမကျယ်ချင်တာပဲဖြစ်ဖြစ် ခေါင်းအုံးလေးက တီဗွီက အသံတွေကို အေးအေးဆေးဆေး လှဲအိပ်ရင်း နားထောင်လို့ရပါတယ်။

(၆) အသိပေးမယ့်ခွက်လူသား

ခေါက်ဆွဲပြုတ်တဲ့အခါ ကျက်မကျက်ကို ခနခနဖွင့်ကြည့်စရာမလိုသလို ထိုင်စောင့်နေစရာမလိုပါဘူး။ ကျက် မ ကျက်ကို ဒီအရုပ်လေးက အသိပေးမှာပါ။

(၇) လေးထောင့်ဖရဲသီး

တစ်သက်နဲ့တစ်သက် ဖရဲသီး အလုံးပဲမြင်ဖူးတာပါ။ သူတို့ကျမှ ဖရဲသီးကိုတောင် လေးထောင့် ဖရဲသီးဆိုပြီး ထုတ်ထားပါတယ်တဲ့။

(၆) အသိပေးမယ့်ခွက်လူသား
(၆) အသိပေးမယ့်ခွက်လူသား

(၈)အကြားအာရုံ အတွက် နားကြပ်

ဒီနားကြပ်ကို မြင်ရင် လန့်မသွားကြပါနဲ့အူး။ နားလေးတဲ့သူတွေအတွက် အဆင်ပြေအောင် အသံကို ကျယ်ကျယ်ကြားနိုင်မှာပါ။

(၉) တူပန်ကာ

ဂျပန်နိုင်ငံက လူတွေ အပျင်းတစ်လို့လားမသိပါဘူး။ ခေါက်ဆွဲပြုတ်စားခါနီး ပူနေရင် အေးအောင်လုပ်ပေးမယ့် ပန်ကာတပ်ထားတဲ့ တူလေးပါ။ တခုတက ကိုယ်လေကုန်စရာမလိုတော့ဘူးလေ။

(၁၀)မိုးစိုမှာမစိုးရိမ်ရတဲ့ ထီးမိုးကာ

ထီးဆိုရင် မိုးရွာရင် ခေါင်းပဲ လုံနိုင်ပြီး ခန္ဓာကိုယ် စိုနေဦးမှာပါ။ အခုပြထားတာတော့ ခြေမျက်စိအောက်ထိ တကိုယ်လုံးမစိုအောင် လုပ်ပေးမယ့် ထီးမိုးကာပေါ့။ ရုံးသွားရုံးတက် မိုးစိုတဲ့ အဝတ်အစားကြီးနဲ့ ရုံးမှာ ထိုင်လုပ်စရာမလိုတော့ဘူးပေါ့။

(၁၁) နားထဲကို စူးစမ်းလို့ရမယ့် ကိရိယာ

ဒီကိရိယာကတော့ အဆန်းပဲ။ မျက်လုံးကနေ နားထဲက အစိတ်အပိုင်းဘာတွေရှိလဲဆိုတာ ကိုယ်တိုင်ကြည့်လို့ရပါတယ်ဆိုပဲ။

(၁၂) ပူပေါင်းထုတ်ပိုး ကီးချိန်း

ပူပေါင်းလေးတွေကို ဖောက်ရတာ ၀ါသနာပါသူတွေအတွက်

ခလုပ်သေးသေးလေးတွေ နှိပ်ရင် ပေါက် ပေါက် ပေါက်လို့ အသံမြည်မယ့် ပူပေါင်း ကီးချိန်းတဲ့။

(၁၃) (360) ဒီဂရိ ကင်မရာ

ဖေ့ဘုတ်စ်မှာဖုန်းထဲကနေ (360)နဲ့ ရိုက်ထားတဲ့ ပုံတွေလိုပဲ ။ လှအောင်လို့ တခါတည်းပြင်ပေးမယ့် ကင်မရာမျိုးပေါ့။

(၁၄) စာအုပ်ပုံစံ ခေါင်းအုံး

အလုပ်ပြီးရင်အလုပ် စာမှစာဖြစ်နေတဲ့ စာဂျပိုးတွေ အလုပ်ဂျပိုးတွေအတွက် သီးသန့်ထုတ်ထားတဲ့ စာအုပ်ပုံစံ ခေါင်းအုံးပါ။

(၁၅) ရေစိုခံ ဖိနပ်ထီး

မိုးထဲရေထဲ သွားမိတဲ့အခါ ကိုယ်စီးတဲ့ဖိနပ်က ရေစိုခံလို့မရတဲ့ ဖိနပ်ဖြစ်နေရင် စိတ်ပူစရာမလိုပါဘူး ။ ထီးသေးသေးပါတဲ့ ဖိနပ် ဆိုတော့ စိုမှာလည်း စိတ်မပူရတော့ဘူး။

(၁၆) ငှက်ပျောသီးထည့်တဲ့ ခွက်

ရုံးသွား ၊ကျောင်းသွား ပျော်ပွဲစားထွက်ထွက ် ငှက်ပျောသီးထည့်ဖို့ ကိုယ့်ရဲ့ ထမင်းဗူးထဲကို တကုတက နေရာမယူတော့ဘူးပေါ့။ ငှက်ပျောသီးပုံစံ အံကိုက်ထည့်လို့ရတဲ့ ငှက်ပျောသီးထည့်ခွက်လေးပါ။

(၁၇) ကိုယ်ယားတဲ့နေရာကုတ်ခိုင်းမယ့် အကျီ

ဂျပန်လူမျိုးတွေက တကယ့်ကို ဉာဏ်ကြီးရှင်တွေဆိုတာ လက်တွေ့ယုံပြီမဟုတ်လား ..

ဒီနောက်ဆုံးပစ္စည်းကတော့ ကိုယ်ယားတဲ့အခါ လူတစ်ယောက်ကို ကုတ်ခိုင်းလို့ရမယ့် တီရှပ်အကျီပါ။ ဘယ်နေရာ ယားတယ်ဆိုတာ ABCD 1234 ထဲက ဘယ်နံပါတ်ကို ပြောပြီး ကုတ်ခိုင်းလိုက်တော့ ပိုအယားပြေသလို တဖက်လူလည်း ကုတ်ပေးရတာ ခနခနမေးစရာမလိုတော့ဘူးပေါ့ ။

သတင်းအရင်းမြစ် Elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။