နိုင်ငံတကာအဆင့်မီပြုပြင်ပြောင်းလဲမှုတွေများစွာပြုလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကိုတော့ အားလုံးလည်း ကြားသိနေကြမယ်ထင်ပါတယ်။ ယခင်နဲ့မတူညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြည်တွင်းနေရာအနှံ့အပြားတွင်တွေ့ရှိနေရပြီး ပရိသတ်တွေကို ပိုမိုအဆင်ပြေစေရန် ပြုလုပ်ခဲ့တာတွေကတော့ များစွာရှိနေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ပြောင်းလဲမှုတွေထဲမှာ ပထမဆုံးအဖြစ် ပြုလုပ်ရေးဆွဲခဲ့တဲ့ 3D လူကူးမျဉ်းကြားတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။ လက်ရှိ အဆိုပါ လူကူးမျဉ်းကြားတွေကို မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့လမ်းမတွေမှာ စတင်ရေးဆွဲနေတာပဲဖြစ်ပါတယ်။ အဆိုပါ 3D လူကူးမျဉ်းကြားတွေကို မနေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ Junction Square အနီးမှာ ရေးဆွဲခဲ့တာ တွေ့ရပါတယ်။ 

အဆိုပါ 3D လူကူးမျဉ်းကြားကို ဂရာဖတီပညာရှင် အာကာကျော်နဲ့ HEINEKEN Myanmar တို့ ပူးပေါင်းရေးဆွဲတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့တို့လည်း ပါဝင်ကူညီလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အဆင့်မီ အမိုက်စားလမ်းတွေကို ဖန်တီးပေးနေတဲ့ အဆိုပါပြုလုပ်မှုတွေကို ပရိသတ်တွေလည်း ကျေနပ်အားကျမိမယ်ထင်ပါတယ်။

Photos - Making Myanmar Roads Safer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။