လောက်ကိုင်ပစ်ခတ်မှုများအတွင်း သေဆုံးသွားခဲ့ရှာသော မူလတန်းပြဆရာမ

ကိုးကန် ့ဒေသ လောက်ကိုင်မြို ့နယ်အတွင်းတွင် ပစ်ခတ်မှုများဖြစ်ပွားနေပါတယ်။

ထိုသို ့ပစ်ခတ်မှုတွေကြောင့် မူလတန်းပြဆရာမတစ်ဦး ထိခိုက်သေဆုံးသွားခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ ့ချုပ်က လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဆရာမဟာ လောင်အဲချီ အမကကျောင်းက မူလတန်းပြဆရာမဒေါ်ပြာမှီဖြစ်ပြီး ဒီနေ ့မနက် ၂ နာရီခန် ့က ထိခိုက်သေဆုံးသွားခြင်းဖြစ်ပါတယ်။

ဆရာမရဲ ့လသားကလေးငယ်လေးနဲ ့ကျန်ရစ်သူမိသားစုအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ ့ချုပ်က ထောက်ပ့့ံကူညီသွားမှာဖြစ်ကြောင်းကို ဒွီဗွီဘီသတင်းမှာ ဖေါ်ပြထားရှိပါတယ်။ ယနေ ့မနက် ၂ နာရီဝန်းကျင်လောက်က ကိုးကန် ့ဒေသ လောက်ကိုင်မြို ့ယူနယ် နယ်စပ်ဂိတ်ကို လက်နက်ကိုင်တပ်

ဖွဲ ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

တိုက်ပွဲတွေက ရပ်တန် ့သွားခြင်းမရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားအချို ့သေဆုံးကြောင်းသိရှိရပါတယ်။

တိုက်ခိုက်တဲ့ အဖွဲ ့က ဘယ်အဖွဲ ့လဲဆိုတာကိုတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဝင်ရောက်တိုက်ခိုက်တဲ ့လက်နက်ကိုင်တွေနဲ ့တပ်မတော်တို ့တိုက်ပွဲတွေလည်း ဖြစ်ပွားလျက်ရှိကြောင်းကို သတင်းရရှိပါတယ်။

Source : DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။