မြန်မာ့လက်ဝှေ့လောကမှာနေရာတစ်ခု ထိပ်တန်းစာရင်းဝင်သူတစ်ယောက်ဖြစ်ပြီး ချန်ပီယံခါးပတ်ကိုပါ သိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်တဲ့ တူတူးကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့လက်ဝှေ့လောကရဲ့ ပြိုင်စံရှားဖိုက်တာတစ်ဦးဖြစ်တဲ့အပြင် နိုင်ငံတကာပြိုင်ဘက်ပေါင်းများစွာကိုလည်း အလဲထိုးအနိုင်ယူနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

လက်ရှိ တူးတူးကတော့ လက်ဝှေ့လောကမှာအချိန်အတော်ကြာအနားယူခဲ့ပြီး လက်ဝှေ့လောကကို တဖန်ပြန်လည်ဝင်ရောက်လာသူတစ်ယောက်လည်းဖြစ်ပါတယ်။ တူးတူးကတော့ လက်ဝှေ့လောကမှာ ဖိုက်တာတစ်ဦးဖြစ်ပေမယ့် ဆိုင်ကယ်စီးချင်းကို ဝါသနာပါသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

မကြာခဏဆိုင်စီးလေ့ရှိပြီး မြန်မာပြည်အနှံ့သွားရောက်တက်သူတစ်ယောက်လည်းဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်းအပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ပြည်တွင်း နာမည်ကြီးလက်ဝှေ့ဖိုက်တာကြီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပြီး အမိုက်စားဆိုင်ကယ်ကြီးနဲ့ရိုက်ကူးထားတဲ့ ပရိသတ်အချစ်တော်တူးတူးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - U MAUNG TOO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။