မကြာသေးမီအချိန်တွင်းမှာကျင်းပတော့မယ့်အာစီယံဆူဇူကီးပြိုင်ပွဲအတွက်အသင်းတိုင်းကတော့ပြင်ဆင်မှုတွေလုပ်နေကြတာပါ။မြန်မာအသင်းကလည်းဒီပြိုင်ပွဲမှာအောင်မြင်ဖို့အတွက်ခြေစမ်းပွဲတွေလေ့ကျင့်မှုတွေကိုမနားတမ်းလုပ်ကိုင်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲလေးမှာလာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊မလေးရှားအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

ဗီယက်နမ်နဲ့မလေးရှားအသင်းတို့ကလည်းအကောင်းဆုံးပြင်ဆင်ထားတဲ့အသင်းတွေဖြစ်ပါတယ်။မလေးရှားနဲ့ဗီယက်နမ်တို့ကလည်းအာစီယံထိပ်သီးအသင်းတွေဖြစ်ပြီးမြန်မာအသင်းရဲ့အခက်ခဲဆုံးပြိုင်ဘက်တွေဖြစ်ပါတယ်။မကြာခဏလည်းဒီနှစ်သင်းနဲ့တွေ့ရတက်ပြီးအကြိတ်အနယ်နဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ 

မြန်မာအသင်းဟာရှေ့နှစ်ပွဲဖြစ်တဲ့ကမ္ဘောဒီးယားနဲ့လာအိုတို့ကိုအနိုင်ရယုံနဲ့အုပ်စုကနေတက်နိုင်ဖို့မလွယ်ကူပါဘူး။အိမ်ကွင်းမှာကန်မယ့်ဗီယက်နမ်အသင်းနဲ့ပွဲကိုအနိုင်ရအောင်ကန်နိုင်မှအုပ်စုတက်ဖို့အကောင်းဆုံးအခွင့်အရေးတွေပိုင်ဆိုင်မှာဖြစ်ပါတယ်။မလေးရှားအသင်းနဲ့အဝေးကွင်းမှာကန်ရမှာဖြစ်တာကြောင့်ရှေ့ပွဲတွေကိုအနိုင်ကန်ဖို့လိုအပ်နေတဲ့မြန်မာအသင်းရဲ့ပွဲစဉ်တိုင်းကိုအားပေးကြပါဦးနော်။

PHOTO:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။