တရုတ်နိုင်ငံ ဂွန်ဒေါင်းပြည်နယ် ဇွန်ရှန်မြို့တွင် အမျိုးသားတစ်ဦး အိမ်သာထဲတွင်လက်ကိုင်ဖုန်းအချိန်ကြာမြင့် အောင်အသုံးပြုခဲ့တာကြောင့် အူမကြီးကျွံကျမှု ဖြစ်ပွားခဲ့တယ်လို့ မီဒီယာများရဲ့ဖော်ပြချက်အရ သိရပါတယ်။၎င်း အမျိုးသားဟာအိမ်သာထဲတွင် နာရီဝက်အကြာ ဂိမ်းကစားပြီးတဲ့နောက်မှာတော့ အခုလိုအူမကြီးကျွံကျမှုဖြစ်ပွား ခဲ့ကာ အရေးပေါ်ခွဲစိတ်ခန်းသို့ ပို့ဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဂွန်ဒေါင်း ပြည်နယ် ဇွန်ရှန်မြို့ရှိ ဆွန်ယက် ဆင်တက္ကသိုလ် အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ရတာဖြစ်ပြီး ဆေးကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားဟာ ဆေးရုံသို့လာရောက်ချိန်တွင် ကိုယ်တိုင် လမ်းမလျှောက်နိုင်တာကြောင့် သူငယ်ချင်းတစ်ဦး အကူအညီဖြင့် ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ဆေးရုံလာ ရောက်ချိန်မှာတော့ အဲ့ဒီအမျိူးသားရဲ့ စအိုဝမှ ကျွံထွက်နေတဲ့ အူမကြီးအရှည်ဟာ ၁၆ စင်တီမီတာအထိရှိတယ် လို့ တာဝန်ကျဆရာဝန်တစ်ဦးကပြောပါတယ်။အူမကြီးဟာအပြင်ဘက်သို့ ကျွံကျလာပြီး အခြေအနေပို ဆိုးလာ ပါက စအိုမှအပြင်သို့ရှည်ထွက်လာနိုင်တယ်လို့ ၎င်းဆရာဝန်ဖြစ်သူက ပြောပါတယ်။ 

အူမကြီးကျွံထွက်မှုရောဂါ အများစုဟာ ပြန်ဝင်နိုင်ပေမယ့် ၎င်းအမျိုးသားကတော့ အသက်(၄)နှစ် အရွယ်ကစပြီး အခုလိုအခြေအနေ နှင့် ကြုံတွေ့နေရတာ ဖြစ်တယ်လို့ ဒေါက်တာဆူဒန်က ပြောပါတယ်။ ဆရာဝန်များ ပြောကြားချက်အရတော့ အခုလိုရောဂါ အခြေအနေဟာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ကြား အထူးသဖြင့် ကြုံတွေ့ရမှု ပိုများကြောင်းသိရပါတယ်။ ဆရာဝန်များကတော့ အဆိုပါအမျိုးသားရဲ့ ရှည်ထွက် နေတဲ့ အူမကြီးကို အပိုင်းကိုခွဲစိတ်ဖယ်ရှားပေးခဲ့ပြီး ခွဲစိတ်ပြီး၂ရက်အကြာမှာ လမ်းပြန်လျောက်လာနိုင်ခဲ့တယ် လို့သိရပါတယ်။  

source- CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။