ရေသူမဆိုတဲ့ သတ္တဝါကတော့ စိတ်ကူးယဉ်စာအုပ်တွေနှင့်ပြဇာတ်တွေထဲမှာ ပါဝင်နေကျ အရာတစ်ခုဖြစ်ပါတယ်။ ရေသူမတွေကတော့ အပေါ်ပိုင်းက လူပုံစံဖြစ်ပြီး အောက်ပိုင်းကတော့ ငါးပုံစံရှိပါတယ်။ လူတွေအနေဖြင့် ရေသူမတွေကို စိတ်ကူးယဉ်သက်သက်သာတွေးမြင်ခဲ့တာဖြစ်ပြီး အပြင်တွင် မမြင်ဘူးကြပါဘူး။ သို့ပေမယ့်လွန်ခဲ့တဲ့ အချိန်ကာလအနည်းငယ်အတွင်းမှာတော့ မက်ကူရာဘီဘီလို့ခေါ်တဲ့ အိန္ဒိယအမျိုးသမီးတစ်ဦး ရေသူမကဲ့သို့ပုံစံရှိသည့် ကလေးကိုမွေးဖွားခဲ့ပါတယ်။  

သို့ပေမယ့် လူတပိုင်းငါးတပိုင်းပုံစံ ဒီကလေးဟာ မိခင်ရဲ့ဝမ်းဗိုက်ထဲကနေ ကောင်းကောင်းမွန်မွန်ထွက်လာခဲ့ပေမယ့် မွေးမွေးပြီးခြင်း နာရီပိုင်းအကြာမှာပဲ ကလေးဖြစ်သူက သေဆုံးသွားပါတယ်။ အခုလို ရေသူမပုံစံမျိုးမွေးလာတာဟာ အဆိုပါကလေးက ပထမဆုံး တော့မဟုတ်သလို ထိုကဲ့သို့ ပုံစံမျိုးမွေးဖွားခဲ့တာက ယခုကလေးနဲ့ဆို ကမ္ဘာပေါ်မှာ ၅ ဦးလောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒီရေသူမပုံစံကလေးငယ်လေးကိုတော့ 2017 ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ကလေးငယ်က ရေသူမရောဂါလက္ခဏာ ဒါမှမဟုတ် စီရန်နိုမီလီယာ (Sirenomelia) လို့ ခေါ်တဲ့ ခန္ဓာကိုယ်ပုံမှန်မဟုတ်တဲ့ ရောဂါကိုခံစားနေရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ကလေးငယ်၏ခြေထောက် ၂ ချောင်းက ပူးနေလို့ ယောက်ကျားကလေး၊ မိန်းကလေးမှန်း မသိရတဲ့ ကလေးငယ်က အိန္ဒိယနိုင်ငံမှာတော့ စီရန်နိုမီလီယာရောဂါနဲ့ ဒုတိယမြောက် မွေးဖွားလာတဲ့ ကလေးလို့ သိရှိရပါတယ်။ သို့သော် အဆိုပါ ကလေးက မွေးဖွားပြီး ၄ နာရီအကြာမှာ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။  

ref Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။