လိဂ်ဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့ဖူလ်ဟမ်အသင်း နဲ့ မန်စီးတီးအသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ဒီဘရိုင်းအတွက်တော့ ဒဏ်ရာကနေ သက်သာလာပြီးနောက် ပထမဆုံးပြန်လည်ကစားနိုင်ခဲ့တယ်။ဒါပေမယ့် သူ့ရဲ့ဘယ်ဘက်ဒူးခေါင်းမှာ ဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် လူစားလဲလှယ်ခဲ့ရပြီး မန်စီးတီးအသင်းကစိုးရိမ်နေရတာပါ။ 

ဒီဘရိုင်းကတော့မန်စီးတီးအသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အပြင်နိုင်ငံအသင်းအတွက်ပါမရှိမဖြစ်အရေးကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူရဲ့ဘယ်ဘက်ဒူးခေါင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးသူ့ရဲ့ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်သွားရမှာဖြစ်ပါတယ်။ဘယ်လောက်အနားယူရမှာလဲမသိပေမယ့်ပရိတ်သတ်တွေအကုန်လုံးကစိတ်ဝင်စားနေကြတာပါ။

မကြာခင်လည်းချန်ပီယံလိဂ်ပြိုင်ပွဲတွေပွဲကျပ်တွေယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်မန်စီးတီးအသင်းအတွက်တော့နစ်နာခဲ့တာပါ။နေရာစုံကစားတက်ပြီးအကောင်းဆုံးခြေစွမ်းတွေနဲ့တူတူဂိုးတွေသွင်းယူနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒီဘရိုင်းဟာ ပြီးခဲ့တဲ့လကမှအသင်းအတွက် လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပြီးမနေ့ကမှပထမဆုံးပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။