အခြားသောတိုင်းပြည်တွေနဲ့မတူညီတဲ့ မြန်မာ့ရိုးရာပွဲတော်တွေကိုတော့ ပြည်တွင်းလူမျိုးဘာသာမရွေးဘာဝင်ဆင်နွှဲလေ့ရှိကြပြီး ပျော်ရွှင်စရာနေ့ရက်များစွာကို ဖန်တီးလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပွဲတော်ရက်အထိမ်းအမှတ်ပုံရိပ်တွေထဲမှာ ထူးဆန်းတဲ့ မြို့နယ်တွေရဲ့ ပုံရိပ်အချို့ကတော့ ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများစွာရဲ့ စိတ်ဝင်စားခြင်းကိုပါ ခံခဲ့ရတာတွေ့ရပါတယ်။  

အဆိုပါ ပွဲတော်တွေထဲမှာ မြန်မာ့သီတင်းကျွတ်တန်ဆောင်တိုင်မီးထွန်းပွဲတော်ကတော့ ပရိသတ်တွေကြားရေပန်းစားပွဲတော်တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် လင်းယဉ်ကျေးရွာက ဆဗီမီးပူဇော်ပွဲတစ်ခုရဲ့ ညပုံရိပ်တွေကတော့ ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေမှာပါ ရေပန်းစားခဲ့တာတွေ့ရပါတယ်။  

များစွာသောဗုဒ္ဓဘာသာဝင်တို့ရဲ့ ကြည်နူးစရာဆီမီးပူဇော်မှုပုံရိပ်တွေက ညီညီညာညာစည်းကမ်းတကျပြုလုပ်ခဲ့ကြတာကြောင့် ကြည်ညိုဲသဒ္ဒါပွားစေခဲ့တာပဲဖြစ်ပါတယ်။ ပြည်တွင်း ဗုဒ္ဓဘာသာတွေသာမက အခြားအခြားသောတိုင်းပြည်တွေကလူပေါင်းစုံရဲ့ ချီးမွှန်းခြင်းကို ခံခဲ့ရတဲ့ စစ်ကိုင်းမြို့ဆီးမီးပူဇော်ပွဲပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - MINGALARBAR MORNING

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။