လူအချင်းချင်းပြန်စားကြတယ်ဆိုတာ ပုံပြင်တစ်ခုအနေနဲ့သာ သိရှိထားကြပေမယ့် အပြင်လောကမှာလည်း လူသားအချင်းချင်းပြန်လည်စားသုံတဲ့လူတွေများစွာရှိနေပါတယ်။

ဒါတွေဟာ ယုံတမ်းပုံပြင်တွေမဟုတ်သလို ဟိုးအရင်ထဲက လူအချင်းချင်းပြန်လည်သတ်ဖြတ်စားသုံကြတဲ့ဖြစ်ရပ်တွေက များစွာရှိနေတာပဲဖြစ်ပါတယ်။  

ရှေးလူကြီးတွေရဲ့ပြောကြားမှုအရတော့ လူသားဟာအရမ်းချိုမြိန်တဲ့အတွက် တစ်ခါစားပြီးတာနဲ့ နောက်ထပ်စားခြင်စိတ်တွေအမြဲဖြစ်ပေါ်နေတတ်တယ်ဆိုတဲ့စကားလေးကလည်း ပရိသတ်တွေငယ်ငယ်လေးထဲက ကြားဖူးလာတဲ့စကားလေးတွေဖြစ်မယ်ထင်ပါတယ်။

အခုပရိသတ်တွေအတွက်ဖော်ပြပေးချင်တဲ့သတင်းအကြောင်းအရာလေးဟာဆိုရင်လည်း လူသားအချင်းချင်းကို ပြန်လည်သတ်ဖြတ်စားသုံးတဲ့ ရုရှားနိုင်ငံသား လင်မယားနှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။

ဒီလင်မယားကတော့ ရုရှားနိုင်ငံ ကရာစ်နာဒေါ ပြည်နယ်မှာနေထိုင်တဲ့လင်မယားနှစ်ယောက်ဖြစ်ပြီး သူတို့ဟာ 1999 ခုနှစ်လောက်ထဲက လူတွေကို သတ်ဖြတ်စားသုံးခဲ့ကြတာပါ။ 

သူတို့ဟာလူတွေကိုသတ်ဖြတ်ပြီး ရရှိလာတဲ့အသားတွေကို အပိုင်းပိုင်းဖြတ်ကာ ရေခဲသေတ္တာထဲစုဆောင်းထားပြီး ဖြေးဖြေးချင်းစားသုံးခဲ့ကြတာပဲဖြစ်ပါတယ်။ သို့ပေမယ့် အချိန်ကြာမြင့်လာတဲ့အခါမှာ အနီးနားပတ်ဝန်းကျင်ကလူတွေက မင်္သကာတာနဲ့ ရဲတပ်ဖွဲ့ကိုတိုင်တန်းခဲ့တာကြောင့် သူတို့အိမ်ကိုဝင်ရောက်စစ်ဆေးခဲ့အခါမှာ လူခေါင်းတွေ ၊ခန္ဓာကိုယ်အပိုင်းအစတွေနဲ့ ရေခဲသေတ္တာထဲမှာသိုလှောင်ထားတဲ့ အသားအပိုင်းအဆတွေများစွာကိုတွေ့ရှိခဲ့ပါတယ်။

အဲ့နောက်မှာရဲတပ်ဖွဲ့က အသေအချာထပ်မံစစ်မေးတဲ့အချိန်မှာတော့ ဒီလင်မယားဟာ သူတို့သတ်စားခဲ့တဲ့လူဦးရေဟာ အယောက် ၃၀ ကျော်လောက်ရှိပြီလို့ထွက်ဆိုခဲ့သလို အခုလိုလူသားစားတဲ့ လင်မယားကိုလည်း တရားရုံးက နောင်ကျင်သွားစေတဲ့ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့သိရပါတယ်။ 

source - Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။