အဆိုတော် ရတနာမိုင်က မျက်နှာခွဲစိတ်ပြုပြင်မှုနဲ ့ပတ်သက်ပြီး အခုလိုပဲပြောပြသွားပါတယ်။

“ပလတ်စတစ်ဆာဂျရီဆိုတာထက် ဆေးထိုးတာပေါ့နော် ။ဆေးထိုးတယ်ဆိုတာ ညီမ Botox ထိုးတယ်။

အဆီကျဆေးထိုးတယ်။ Filler ထိုးတယ်။ ခွဲစိတ်မှုတော့မရှိပါဘူးရှင့်။

အဓိက ကဒီမှာ Clinic တွေက ရန်ကုန်မှာ အရမ်းကို ခေတ်စားလာပြီဆိုတော့ ဒီမှာဆိုလို ့ရှိရင် အလှအပရေးရာတွေ ဘာတွေ ကိုယ်လိုချင်တဲ့ နေရာလေးတွေ ပြန်ပြင်လို ့ရတယ်ပေါ့။

ဒီလိုပြင်ပေမယ့်လည်း ၈ လ တစ်နှစ်လောက်ဆို ပြန်တော့ပြေတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ ့ကတော့ အခု Mini Album လေးထွက်ဖို ့ရှိတယ်။ June လမှာထွက်မှာပါ ။သီချင်း ၆ ပုဒ်ဆိုထားပါတယ်။

မိုင်လေး အခု သူသိစေဆိုတဲ့ MTV လေးကို စရိုက်နေပါပြီ ။ ချစ်ပရိသတ်ကြီးများလည်း အားပေးကြပါဦးလို ့။သင်္ကြန်မှာလည်းဖျော်ဖြေဖို ့ရှိပါတယ်။

ချစ်ပရိသတ်ကြီးတွေနဲ ့ပျော်ပျော်ရွှင်ရွှင် သင်္ကြန်အတာပွဲကို ဆင်နွှဲသွားဖို ့ရှိပါတယ်။

စိတ်ကူးထဲက ချစ်သူကတော့ ကိုယ့်မိဘကို သိတတ်ရမယ်။ အဖေအမေကို သိတတ်ရမယ်။

ရိုးသားရမယ်။ နောက်ပြီး မဖောက်ပြန်ဘဲ ကိုယ့်ချစ်သူအပေါ်မှာပဲ ကိုယ်က သစ္စာရှိရှိနဲ ့ချစ်ပြီးတော့ ရိုးသားတဲ့လူကိုပဲလိုချင်ပါတယ်” လို ့ပြောသွားခဲ့ပါတယ်။

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။