ကျွနု်ပ်တို့ နေ့စဉ်စားသုံးနေတဲ့ ထမင်းကို ချက်တဲ့အခါ ဆန်ကို ပထမဦးဆုံးဆေးရပါတယ်။ ဆန်ဆေးတဲ့အခါ ရရှိလာတဲ့ ဆန်ဆေးရည်ကို သွန်ပစ်လိုက်တာဟာ တန်ဖိုးကြီးတဲ့ ဆေးတခွက် မှောက်သွားသလိုပါပဲနော်။ ဘာလို့လည်းဆိုတော့ ဆန်ဆေးရည်မှာ ဗီတာမင်နဲ့ အခြားသောဓာတ်တွေ များစွာပါဝင်ပြီး အသားအရေနဲ့ ဆံပင် အတွက် အရမ်းကို အထောက်အကူပြုတဲ့ ပစ္စည်းတစ်မျိုး ဖြစ်လို့ပါပဲ။ ယခုနောက်ပိုင်းမှာတော့ ဆန်ဆေးရည်ကို အလှအပအတွက် အများအပြားသုံးလာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဆန်ဆေးရည်က ဆံပင် နဲ့ အသားအရေအတွက် ဘယ်လိုအထောက်အကူဖြစ်စေတယ် ဆိုတာကို ပြောပြ ပေးမှာ ဖြစ်ပါတယ်။

အသားအရေအတွက် ဘယ်လို အထောက်အကူတွေဖြစ်စေလဲ…

ဆန်ဆေးရည်မှာပါဝင်တဲ့ ဗီတာမင်၊ amino acid နဲ့ အခြား minerals တွေက လှပချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်ရရှိဖို့အတွက် အရမ်းကို အထောက်အကူ ပြုတဲ့ ပစ္စည်း ဖြစ်ပါတယ်။ မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးဖို့အတွက် ဆန်ဆေးရည်ဟာ အကောင်းဆုံး မျက်နှာသစ်ဆေး တစ်မျိုး ဓာတု ပစ္စည်းပါဝင်မှု မရှိတဲ့ အတွက် မျက်နှာအသားအရေအတွက် အရမ်းကို ကောင်းမွန်တဲ့ သဘာဝဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ခြင်းအားဖြင့် မျက်နှာလေးကို ချော့မွတ်စေပြီး တင်းတင်းလေး ဖြစ်နေစေမှာပါနော်။

နောက်တစ်မျိုးကတော့ ဆန်ဆေးရည်ကို toner အဖြစ်အသုံးပြုနိုင်ပါတယ်။ ဆန်ဆေးရည်ကို toner ပုံစံ အသုံးပြုမယ်ဆိုရင်တော့ မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်တွေကို ပျောက်ကင်းစေနိုင်ပြီး အရေးပြားတွန့်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ဆန်ဆေးရည်ဟာဆိုရင် ဝက်ခြံတွေကို ကာကွယ်နိုင်ဖို့ အတွက် အထူး ကောင်းမွန်တဲ့ ကုသနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ချွေးပေါက်တွေကို ကျဉ်းစေပြီး ဝက်ခြံဖြစ်ပေါ်စေနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံတွေ မဖြစ်ပေါ်နိုင်အောင် အကောင်းဆုံးကုသပေးနိုင်ပါတယ်။

ဆန်ဆေးရည်မှာ ကြည့်ရဆိုးပြီး အရေပြားပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ ဝဲနှင်းခူနာ လို့ ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးကိုလည်း ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိပါတယ်။ ဒါ့ပြင် ဆန်ဆေးရည်ကို ပုံမှန်လိမ်းပေးခြင်းဖြင့် နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ အသားအရေညိုမဲ ပျက်စီးခြင်းတွေမှ နဂိုအသားအရေကို ပြန်လည်ရရှိအောင် ကုသပေးနိုင်ပါတယ်။

ဆံသားတွေ အတွက် ဘယ်လို အထောက်အကူ ပြုမလဲ….

ဆန်ဆေးရည်မှာပါဝင်တဲ့ inositolလို့ခေါ်တဲ့ ကာဗွန်ဟိုက်ဒရိတ် တစ်မျိုး ဟာဆိုရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဦးရေပြား ခြောက်သွေ့ ခြင်းမှလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဆံသားတွေ အတွက် ဆန်ဆေးရည်ကို ခေါင်းလျှော်ရည်အဖြစ်ကော ပေါင်းဆေးအဖြစ်ပါ ပုံစံနှစ်မျိုးနဲ့ အသုံးပြုလို့ရပါတယ်။ ခေါင်းလျှော်ပြီးတဲ့ နောက်မှာ ဆန်ဆေးရည်နဲ့ ဆေးချခြင်း ဒါမှမဟုတ် ခေါင်းမလျှော်ခင် ခဏ ဆံပင်ကို ဆန်ဆေးရည်နဲ့ စိမ်ထားပေးမယ်ဆိုရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ကျန်းမာတဲ့ ဆံကေသာတွေကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့် ဆန်ဆေးပြီးလို့ရရှိလာတဲ့ ဆန်ဆေးရည်ကို သွန်စရာမလိုတော့ပဲ အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ် ပျိုမေ တို့ရေ….။

Source:

Source: www.onegoodthingbyjillee.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။