အာဘာဒင်နဲ့ မီးခွက်စောင့်ဘီလူးကြီး ဇတ်ကားကတော့ ပရိသတ်တွေငယ်ရွယ်စဉ်အချိန်အခါထဲကကို ကြိုက်နှစ်သက်ခဲ့ရတဲ့ ဇတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

ဒီကားလေးကိုကြည့်ပြီးခဲ့ကလေးငယ်လေးတွေမှန်တယ်ဆိုရင်လည်း တစ်ကြိမ်တစ်ခါလောက်တော့ ဘီလူးကြီးဝင်နေတဲ့မီးခွက်လေးကိုပိုင်ဆိုင်ရဖို့ စိတ်ကူးလေးတွေလည်း ယဉ်ဖူးကြမယ်လို့ထင်ပါတယ်။ 

ငယ်ငယ်လေးထဲက အာလာဒင်ဇတ်ကောင်ကို ရူးသွပ်လာခဲ့တဲ့ Neil ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့စကိတ်ကို အာလာဒင်ရဲ့ကော်ဇောပျံပုံစံ ဖန်တီးပြီး ပြီးခဲ့တဲ့ တနလာၤနေ့ညက New Jersey မြို့ကလမ်းမတွေပေါ်မှာစီးပြခဲ့ပါတယ်။

သူစီးလာတာကို စကိတ်မှန်းမသိခင်မှာတော့ လူအများဟာသူ့ကို မှော်စွမ်းအင်ရှိတဲ့သူတစ်ယောက်လို အံ့သြမှင်သက်စွာနဲ့ ဝိုင်းဝန်းကြည့်နေခဲ့ကြပါတယ်။ 

ဒါ့အပြင် သူဟာ အဝတ်အစားကိုလည်း အာလာဒင်ရဲ့အဝတ်အစားပုံစံမျိုးကို ဝတ်ဆင်ထားခဲ့တာကြောင့် မီဒီယာတော်တော်များများက သူ့ကို 2018 ခုနှစ်ခေတ်သစ်အာလာဒင်ဆိုပြီး ခေါ်ဆိုခဲ့ကြပါတယ်။

ပရိသတ်တွေအတွက်လည်း ညဘက်ကြီးမြို့လယ်ခေါင်မှာ အာလာဒင်ထွက်လုပ်ခဲ့တဲ့ အမျိုးသားရဲ့ဗီဒီယိုဖိုင်လေးကိုလည်းဖော်ပြပေးလိုက်ပါတယ်။

source - Global News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။