၂၀၁၆ ခုနှစ်အကယ်ဒမီစာရင်းဝင်ဇာတ်ကားထဲမှာ သူမသရုပ်ဆောင်ာထားတဲ့ ဘွန္တောကြက်သူခိုး ရုပ်ရှင်ဇာတ်ကားလဲ ပါဝင်ထားပေမယ့် သူမကရင်ခုန်စရာမရှိဘူးလို့ဆိုပါတယ် သူမဟာ အသက် ၁၄ နှစ်အရွယ်ထဲက အနုပညာပျိူးခင်းမှတစ်ဆင့်အနုပညာလောကထဲဝင်ရောက်လာတဲ့ မင်းသမီးတစ်လက်ဖြစ်သလိုဆယ်ကျော်သက်အရွယ်မှာပဲ ဇာတ်ကားအများအပြားရိုက်ကူးခဲ့ရပြီး အောင်မြင်ခဲ့သူပါ ။ ၂၀၁၇ မှာ ရုံတင်မယ့်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးထားတဲ့ သူမက ဇာတ်ရုပ်အစုံကိုသရုပ်ဆောင်ချင်ပါသေးတယ်တဲ့ ။

အကယ်ဒမီကို စီနီယာအားလုံးကိုရစေချင်ပါတယ် နှစ်တွေကြာပြီးမရသေးတဲ့သူတွေလဲရှိတယ် ။ တစ်ချို ့ဆိုရသင့်ရက်နဲ့ မရသေးတာတွေပေါ့ ... သူတို့အားလုံးကိုရစေချင်ပါတယ် ... သူတို့အတွက်ပဲစိတ်ပူပေးနေပါတယ်ဆိုတဲ့ ရွှေမှုန်ရတီက ကိုယ်တိုင်အကယ်ဒမီယူဖို့ကိုတော့ မတွေးရဲသေးပါဘူးလို့ ပြောကြားခဲ့ပါတယ် ။ ကိုယ့်ထက်တော်တဲ့စီနီယာတွေက အရင်ရရမှာပါ ဆိုတဲ့ မင်းသမီးလေးက ရိုက်သမျှဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်လို့လဲပြောကြားသွားပါတယ် ။

Source : 7daynews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။