မြန်မာ့ဟာသလောကမှာ နာမည်ကြီးဟာသလူရွှင်တော်တွေဖြစ်ကြတဲ့ ချက်ကြီးနဲ့ ဖိုးသဲကိုတော့ အားလုံးလည်းချစ်မယ်ထင်ပါတယ်။ ရိုးသားကြိုးစာသူတွေဖြစ်သလို မိဘ၊ ဆရာအပေါ်လည်းနားလည်းသိတက်သူတွေဖြစ်တာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ ချက်ကြီးနဲ့ ဖိုးသဲကတော့ လက်ရှိ ဟာသလူရွှင်တော်မင်းသားကြီး ခင်လှိုင်ရိုက်ကူးနေတဲ့ "တောက်ချလိုက်မယ်"ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး နှစ်ယောက်အတူမတူညီတဲ့ရသတွေကို ဖန်တီးပေးလျှက်ရှိတာတွေ့ရပါတယ်။  

http://s4.kh1.co/93/9317531c0d19f5cbda8e2005ee7fb9859ea6dcbb.jpg

အဆိုပါ ဇာတ်ကားကတော့ခင်လှိုင်ရဲ့ ဇာတ်လမ်း၊ ဒါရိုက်တာအဖြစ်ပထမဆုံးရိုက်ကူးတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ပရိသတ်အချစ်တော်ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခန့်စည်သူ၊ မြင့်မြတ်၊ ပက်ထရစ်ရှာ၊ ရွှေသမီး၊ အရိုင်း၊ ခင်လှိုင်၊ ဒိန်းဒေါင်နှင့်အခြားနာမည်ကြီးဟာသသရုပ်ဆောင်များစွာလည်း ပါဝင်ထားကြောင်း သိရပါတယ်။  

အဆိုပါ " တောက်ချလိုက်မယ်" ဇာတ်ကားရိုက်ကူးမှု ပထမနေ့မှာပဲ ဘဝပြောင်းခဲ့ရတဲ့ ဟာသလူရွှင်တော်ချက်ကြီးနဲ့ ဖိုးသဲရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဝါရင့်ဟာသမင်းသားမင်းသမီးတွေနဲ့အတူ ဟာသလူရွှင်တော်များစွာပါဝင်ရိုက်ကူးထားတဲ့အဆိုပါ " တောက်ချလိုက်မယ်" ဇာတ်ကားရိုက်ကူးမှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - KO CHAT GYI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။