မြန်မာမှု မြန်မာဟန်လေးတွေကိုချစ်မြတ်နိုးတဲ့ နီနီကတော့ မကြာသေးမီကပဲ “ခင့်မှာ တမ်း” သီချင်း ဗီဒီယိုအတိုလေးနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တွေကိုထပ်မံသိမ်းပိုက်ထားသူလေးဖြစ်ပါတယ်။ မနေ့က မီ ရုပ်ရှင်ကားကြီး press show ပွဲမှာလည်း '' ခင့်မှာတမ်း '' ထဲက မြန်မာဆန်ဆန် ဆင်ယင်ထုံးဖွဲ့ မှုတွေနဲ့အတူ ပွဲတက်ခဲ့တာဘဲ ဖြစ်ပါတယ် ။
ဓာတ်ပြားဟောင်းတေးသီချင်းတွေရဲ့ အငွေ့အသက်တွေကိုခံစားမိလာအောင် ရိုက်ကူးထားတဲ့ နီနီရဲ့ ဗီဒီယိုလေး ထဲ က ဝတ်စားဆင်ယင်မှုတွေက မီ ရုပ်ရှင်ကားကြီးထဲက ခေတ်ရဲ့ ဝတ်စားဆင်ယင်မှုမျိုးပါ ။ ပိုးချိတ် အနီရောင်နဲ့ အဝါရောင်ရင်ဖုံးလေးကိုဝတ်ဆင်ထားတဲ့ သူမရဲ့ အလှကတော့ နှစ်ခါပြန်ငေးကြည့်ရအောင် ကျက်သရေရှိရှိ လှပနေတာပါ ။
ခေတ်ဟောင်း ဆင်ယင်မှုပေမယ့် ဘယ်တော့မှ ရိုးမသွားတဲ့ မြန်မာ့အငွေ့သက်တွေကို သယ်ဆောင်လာတဲ့ ဆင်ယင်ထုံးဖွဲ့မှုမျိုးတွေ ဖြစ်လို့ ပရိသတ်ကြီးလည်း သဘောကျမယ်ထင်ပါတယ် ။ နီနီကို ချစ်တဲ့ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source: Amazing grace
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။