သရုပ်ဆောင် ၊ ရက်ပါအဆိုတော်မလေး (ဒီဒီး) စန္ဒီမြင့်လွင် တစ်ယောက် Queen စီးရီးထွက်ပြီးထဲက နည်းနည်းငြိမ်နေပါတယ်။

ဒီရက်ပိုင်းမှာ သူမကတော့ ငွေဆောင်ကမ်းခြေမှာ အပန်းဖြေပြီး ပျော်ရွှင်နေပါတယ်။

စန္ဒီမြင့်လွင် ဟာ ငွေဆောင်ကို ရောက်ရှိနေတဲ့အကြောင်း သူမရဲ့ တကိုယ်တော်ပုံလေးတွေကို အင်စတာဂရမ်မှာ အရင်တင်ထားပါတယ်။

ဒါ့ပြင် ဒီခရီးမှာ သူမတစ်ယောက်ထဲမဟုတ်ပါဘူး၊ မိခင်ဖြစ်သူ နဲ့လည်း အကျီစင်တူ ဝတ်ပြီး ရိုက်ထားတဲ့ ပုံကို အမေနဲ့ သမီးနဲ့ တပုံစံတည်း ဝတ်ဆင်ထားတယ်လို့ သူမကရေးပြီးတင်ထားပါတယ်။

မော်ဒယ်လ်သရုပ်ဆောင်၊ အဆိုတော် ၀ါဆိုမိုးဦး နဲ့လည်း ဂါဝန်စင်တူဝတ်ကာ ဟော်တယ်အတွင်းမှာ အတူဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။

လက်တလော သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှအထွေအထူးတော့ မကြားရသေးပါဘူး။ Now cover ရိုက်ကူးထားတဲ့ သူမရဲ့ ဓာတ်ပုံထဲမှာလည်း အတော်လေးကို လန်းနေပါတယ်.

သတင်းအရင်းမြစ် Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။