ခွေးေလးတွေကို မီးလောင်တဲ့ကြားထဲက ကယ်ဆယ်ပေးတဲ့ ကယ်ဆယ်ရေးသမားတွေ

ညက တ/ဥက္ကလာ ၉ရပ်​ကွက်​ မီး​လောင်​မှုမှာ ​ခွေးက​လေးနှစ်​​ကောင်​ကို မီး​တောထဲမှ ကယ်​ထုပ်​ပြီး ​အောက်​ဆီဂျင်​​ပေးကာ ပရဟိတအသင်​းများအကူအညီနဲ့ ​ဝေဇယန္တာ တိရိစ္ဆာန်​​ဆေးခန်​းသို့ပို့​ဆောင်​ရာ တစ်​​ကောင်​​သေဆုံသွား၍ တစ်​​ကောင်​အား အသက်​ရှင်​​အောင်​ ကယ်​တင်​နိုင်​ခဲ့သည်​။ အသက်​ရှင်​ခဲ့သည်​့ ​ခွေးက​လေးအား ပိုင်​ရှင်​ထံပြန်​လည်​အပ်​နှင်​းခဲ့တယ်လို့ Myanmar Rescue Team မှရေးသားထားပါတယ်။

ဝေဇယန္တာဆေးခန်းမှလည်း ခွေးလေးတွေ ကယ်ဆယ်လာပုံကို အခုလိုမျိုးဖော်ပြထားပါတယ်

ဒီနေ ့ည တောင်ဥက္ကလာပ သူရ ၂ လမ်းမှာ မီးလောင်ခဲ့တဲ့ အိမ်ဘေးကပ်လျှက်က ခွေးလေးတွေ အများကြီး မွေးထားတဲ့ အိမ်ကခွေးလေးတွေပါ . .

မီးခိုးတွေ မွှန်ပြီး လူတွေအားလုံး ပြေးနေကြတဲ့ အချိန်မှာ ဒီခွေးလေးတွေကို မီးသတ်သမားတွေက ကယ်ထုတ်လာ ပေးခဲ့ကြတာပါ . .

သတိလစ်မတတ် မောပန်း အသက်ရှုုကြပ်ကာ မီးခိုးစော် နံနေအောင် ခံစားနေခဲ့ရတဲ့ ခွေးလေးကို

မိုးစေတနာ ပရဟိတ အဖွဲ ့ က တစ်ကောင် ကယ်တင် လာခဲ့ပြီး

Myanmar Rescue အဖွဲ ့တွေက နောက် တစ်ကောင်ကို ကယ်တင်လာ ပေးခဲ့တာပါ . .

သူတို ့တွေ ရဲ့ Ambulance တွေ အသီးသီး ပေါ်မှာ ခွေးလေးတွေကို Oxygen ပေးပြီး ကျွန်တော်တို ့ ဆေးခန်းအထိ အရောက်ပို ့ပေးခဲ့ကြတာ ဖြစ်ပါတယ် . . တစ်ကောင်ကတော့ လမ်းမှာတင် သေဆုံးသွား ခဲ့ပါတယ် . .

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။