အခုပြောပြမှာကတော့ ကမ္ဘာပေါ်ကသင်မသိသေးတဲ့လျှို့ဝှက်ချက် (၉)မျိုးပဲဖြစ်ပါတယ်။ ကဲ…. တစ်ချက်ကြည့်ရအောင်……

၁။ သွေးတစ်ပိုင်း (၄၇၃ လီတာ) ခန့်လှူခြင်းဟာ လူ့အသက်သုံးချောင်းကို ကယ်လို့ရနိုင်ပါတယ်။

၂။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေရဲ့ အလေးချိန်စုစုပေါင်းဟာ ၄ပေါင် လောက်တောင်ရှိပါသတဲ့။

၃။ ကလေးတွေက အရွယ်ရောက်ပြီးသားလူတွေထက် အရိုးပေါင်း အချောင်း ၆၀ခန့်ပိုပြီးပါရှိပါတယ်။

၄။ လေ့လာချက်တွေအရ စက္ကန့်လေးဆယ်ကို လူတစ်ဦးနှုန်း ကိုယ့်ကိုယ်ကို သတ်သေနေကြပါတယ်။

၅။ ငါးဆက်မြောက်ပုပ်ရဟန်းမင်းကြီးပေါလ်ဟာ တိရိစ္ဆာန်တွေဟာ ငရဲပြည်ကိုသွားနိုင်လာနိုင်တယ်လို့ အခိုင်အမာဆိုခဲ့ဖူးပါတယ်။

၆။ လူတွေရဲ့ မျက်စိဟာ မတူညီတဲ့အရောင်ပေါင်း၁၀သန်းခန့်ကို ကောင်းကောင်းခွဲခြားသိမြင်နိုင်ပါတယ်

၇။ ငှက်ပျောသီးတွေဟာ အနည်းငယ် ရေဒီယိုသတ္တုကြွပါတယ်။

၈။ ပျားတွေကို ဗုံးရှာဖွေဖို့အတွက် သင်ကြားပေးလို့ရပါတယ်။

၉။ ဟီရိုရှီးမားဗုံးပေါက်ကွဲခြင်းဟာမြေကြီးပေါ်မှာဗုံးပေါက်ကွဲပြီး ရေဒီယိုသတ္တု ကြွခဲ့တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဗုံးကမြေပြင်နဲ့နဲနဲလေးတောင်မထိလိုက်ဘဲ လေထဲမှာတင်ပေါက်ကွဲခဲ့တာပါ။

Source : factslides

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။