Myanmar Idol ရဲ့ ကျော်ကြားတဲ့ဒိုင်တစ်ယောက်ဖြစ်သလို ဖက်ရှင်အဆန်းတွေကြောင့်ထင်ရှားတဲ့ မြန်မာပြည်သိန်းတန်က ဇနီးဖြစ်သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ရှိပါတယ်တဲ့ ။ ဇာတ်ကားအမည်ကတော့ အဆိုတော်တို့နေတဲ့ရွာလို့ ခေါ်ပါတယ် ။ ဒါရိုက်တာရာဇဝင်ကိုက ရိုက်ကူးပြီး ဇေရဲထက်၊ မင်းမော်ကွန်း၊ တက္ကသိုလ်ဂွမ်းပုံ၊ ရွှေမှုန်ရတီတို့နဲ့အတူ တခြားအနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။ မြန်မာပြည်သိန်းတန်က ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ပါတ်သတ်ပြီး

" ဒီဇာတ်ကားအတွက် ပြင်ဆင်စရာ သိပ်မလိုဘူး။ ဘာကြောင့်လဲဆိုရင် ဇာတ်လမ်းရဲ့သဘောကိုက မင်းမော်ကွန်းက Rock ၊ ဇေရဲထက်က R&B၊ အန်ကယ်လ်ကမြန်မာသံစဉ်။ ထူးခြားတာက ဒီ ဇာတ်ကားမှာ အန်ကယ်လ်က မြန်မာပြည်သိန်းတန်ကိုကြိုက်တဲ့သူတစ်ယောက်အဖြစ်သရုပ်ဆောင်ရမယ်။ နောက်ပြီး အန်ကယ့် ရဲ့အချစ်ဆုံး တေးချစ်သူကလည်း ဇာတ်ကားထဲမှာအန်ကယ့် ရဲ့ဇနီး နေရာကပဲ ပါရမယ်။ ဒီတော့ အန်ကယ်လ်တို့ က ထူးထူးခြားခြားဖြစ်နေစရာ မလိုပါ။ အခုလက်ရှိ အန်ကယ်တို့ Style အတိုင်း သရုပ်ဆောင် ရမှာဖြစ်ပါတယ်။ အပြောအဆို၊ အနေအထိုင် အားလုံး အပြင်ကပုံစံအတိုင်း ဆိုတော့ အန်ကယ် ကြိုက်ပါတယ်။ နောက်အချစ်ဆုံးတေးချစ်သူ (ဒေါက်တာ ဒေါ်နုနန္ဒာသန်း)လည်း ပါမှာဆိုတော့ ပိုပျော်ရပါတယ်။ " လို့ပြောကြားထားပါတယ် ...

အခြားအနုပညာလှုပ်ရှားမှုအနေနဲ့ စိန်လင်း (Aroma ) နဲ့ ပေါင်းပြီး " အန်ကယ်ကတော့ Noပါ " ဆိုတဲ့သီချင်းကို သီဆိုဖို့ရှိပြီး ကိုယ်တိုင်သရုပ်ဆောင်ဝင်ရောက်သရုပ်ဆောင်သွားမှာပါလို့လဲပြောကြားသွားပါတယ် ...

Source : Sunday Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။