ဇာတ်သဘင်လောကရဲ့ နာမည်ကျော် ရွှေမန်းဦးတင်မောင်ရဲ့မျိုးဆက်မင်းသားတင်မောင်ဆန်းမင်းဝင်းရဲ့ သားလေးဖြစ်တဲ့ မင်းရွှေရောင်တင်ဟာ သူဖခင်ရဲ့ ဇာတ်ထဲမှာ မင်းသားတစ်ဦးအဖြစ်ပါဝင်ကပြသူပါ ။အသက် ၂ နှစ်ဝန်းကျင်လောက်ထဲက ဇာတ်စင်ပေါ်တက်ပြီး ကပြဖျော်ဖြေနိုင်ခဲ့တဲ့ မင်းရွှေရောင်တင်လေးဟာ သွေးထဲကဇာတိပြသလိုပါပဲ ... ဇာတ်သဘင်မျိုးရိုးပီသစွာ အသက်အရွယ်နဲဲ့မလိုက်အောင် ကပြနိုင်သူလေးပါ ။ နောက်ပိုင်းမှာ တင်မောင်ဆန်းမင်းဝင်းတို့ဇာတ်သဘင်ကြော်ငြာဆိုင်းဘုတ်မှာပါ သူရဲ့နာမည် ထည့်သွင်းကြော်ငြာရတဲ့အထိကို လူချစ်လူခင်ပေါများပါတယ်။ မိခင်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မကစေချင်ပေမယ့် ၀ါသနာကိုတားမရတဲ့ အတွက်ပေးကခဲ့ရတယ်လို့လဲ ကြားသိရပါတယ်။ မပီကလာပီကလာနဲ့ သီချင်းဆိုတဲ့ ဟန်ပန်လေးကလဲ ဇာတ်မင်းသားပုံစံအပြည့်နဲ့ပါ ။
ကလေးပီပီ ဆော့ကစားမနေဘဲ ပရိတ်သတ်အတွက်ဇာတ်စင်ပေါ်တက် ကပြဖျော်ဖြေတဲ့သူ့ကို ပရိတ်သတ်တွေက သည်းသည်းလှုပ်ချစ်ကြပါတယ် ။ တင်မောင်ဆန်းမင်းဝင်းရဲ့ဇာတ်ကို အားပေးကြတဲ့ အကြောင်းရင်းထဲမှာ မင်းရွှေရောင်တင်လေးကို သဘောကျနှစ်ခြိုက်ကြလို့လဲပါပါတယ် ။ ဖြူစင်တဲ့ချစ်စရာမင်းသားလေးရဲ့ပုံရိပ်လေးတွေကိုကြည့်လိုက်ကြရအောင်နော် ...
Photo Source : facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။