ကမ္ဘာ့နိုင်ငံတွေအလည်မှာ မြန်မာအလံကိုလူသိရှင်ကြားပြသနေတဲ့ လက်ဝှေ့ဖိုက်တာမလေးတွေထဲမှာ ဗြိတိန်သူလေး Nicola Barkeလည်း တစ်ယောက်အပါအဝင်ဖြစ်နေတာကို အားလုံးလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ သူမကတော့ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ပွဲတွေထိုးသတ်နေပြီး နိုင်ပွဲတိုင်းကို မြန်မာ့အလံလွှင့်အောင်ပွဲခံတက်သူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။  

Nicola Barkeရဲ့ ဖေ့စ်ဘွက်အကောင့်ကတော့ အောင်လအန်ဆန်းနှင့်ဆင်တူတဲ့ Nicola The Burmese Python လို့အမည်ပေးထားတာတွေ့ရပါတယ်။ သူ့မရဲ့ မိခင်ကတော့ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာတစ်ယောက်ပါတဲ့ ။ ဗြိတိန်မှာ မွေးဖွား ကြီးပြင်းခဲ့ပေမယ့် သူမအမေရဲ့အမွေကို ခံယူတဲ့အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်နေကြောင်း သိရပါတယ်။  

လေးစားစရာကောင်းပြီး သူမရဲ့ အောင်ပွဲရပုံတိုင်းမှာလည်း မြန်မာ့အလံကို ကိုင်ဆောင်ပြီး အောင်ပွဲခံတက်တာကြောင့် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတိုင်းလေးစားဂုဏ်ယူလျှက်ရှိတာတွေ့ရပါတယ်။ ဘယ်နိုင်ငံပဲ ရောက်ရောက်၊ လက်ရှိ ဘယ်နိုင်ငံသား အဖြစ်ပဲ ခံယူထားထား ကိုယ့်ဇာတိ၊ ကိုယ့်မျိုးရိုးကို မမေ့သူ၊ ဂုဏ်ယူသူ၊ ဂုဏ်ဆောင်သူတွေကို မြင်ရလေတိုင်း ဝမ်းသာပီတိ ဖြစ်မိသလို ဒို့မြန်မာဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးက ဂုဏ်ယူလေးစား နေခဲ့ရတယ် ဆိုတာကို နှောင်းလူငယ်တို့ သိစေဖို့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - Nicola the Burmese Python

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။